ဂျပန်အီလက်ထရောနစ် ကော်ပိုရေးရှင်းကြီးဖြစ်တဲ့ တိုရှီဘာ ကော်ပိုရေးရှင်းဟာ အခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလျံ စံချိန်တင် အရှုံးပေါ်ခဲ့တာကို မကြာခင် တရားဝင် ထုတ်ပြန်ပေးမယ်လို့ ဒီဇင်ဘာ ၂၁ ရက်နေ့က ကြေညာပါတယ်။
အခုလို ဆုံးရှုံးခဲ့လို့ ကုမ္ပဏီဖွဲ့စည်းပုံ ပြန်လည်ပြင်ဆင်မှာဖြစ်ပြီး ၀န်ထမ်းအင်အား နောက်ထပ် ၆၈၀၀ လောက် လျှော့ချဖို့ ရှိတယ်လို့လည်း တိုရှီဘာကုမ္ပဏီက ဆိုပါတယ်။
တိုရှီဘာကော်ပိုရေးရှင်းဟာ လက်တော့ကွန်ပျူတာ၊ တီဗွီ စတာတွေကနေ နျူကလီးယားစွမ်းအင် ထုတ်လုပ်ရေးအထိ လုပ်ကိုင်တဲ့ ကော်ပိုရေးရှင်းကြီးဖြစ်ပြီး အခုနှစ်ပိုင်းကစလို့ အရှုံးပေါ်ခဲ့တဲ့အတွက် ကော်ပိုရေးရှင်းရဲ့ အီလက်ထရောနစ်ပစ္စည်း ထုတ်လုပ်မှုဘက်မှာ ၀န်ထမ်းအင်အားတွေကို လျှော့ချလာခဲ့တာပါ။
အခုလို ကုမ္ပဏီဆုံးရှုံးမှုသတင်း ထွက်ပေါ်လာပြီးနောက် ဒီဇင်ဘာ ၂၁ ရက်နေ့မှာ တိုရှီ်ဘာရဲ့ စတော့ရှယ်ယာတန်ဖိုးတွေ ၁၀ ရာခိုင်နှုန်းလောက် ဈေးကျသွားပါတယ်။
အခုလဆန်းပိုင်းက တိုရှီဘာကော်ပိုရေးရှင်းဟာ ၆ နှစ်ကြာ အမြတ်ငွေ မမှန်မကန် ပိုပြခဲ့မှုကို ၀န်ခံခဲ့အပြီး ၀န်ထမ်းအင်အားတွေ လျှော့ချပြီး ကုမ္ပဏီရဲ့ အနေအထားကို ပြန်လည်ပြင်ဆင်ခဲ့ရတာပါ။
ကုမ္ပဏီရဲ့ နာယကနဲ့ ဒု-နာယကတို့လည်း ဒီဘဏ္ဍာရေးအရှုပ်တော်ပုံတွေနဲ့ ရာထူးက နုတ်ထွက်သွားခဲ့ကြပါတယ်။
7 years Ago