မန်စီးတီးအသင်း ဂိုးသမားဂျိုးဟတ်က အီတလီကလပ် တိုရီနိုအသင်းဆီ အငှား ပြန်ကစားတော့မှာ မဟုတ်တော့ဘူးလို့ ကြေညာလိုက်ပါတယ်။
အသက် ၃၀ ရှိ အင်္ဂလန်လက်ရွေးစင်ဂိုးသမား ဂျိုးဟတ်ဟာ နည်းပြဂွါဒီယိုလာ မန်စီးတီးအသင်းကို ရောက်ရှိလာပြီးနောက် တိုရီနိုအသင်းဆီ အငှားချခဲ့တာပါ။
တိုရီနိုအသင်းမှာ အတွေ့အကြုံကောင်းတွေ ရခဲ့ပြီး အမြဲတမ်း အမှတ်ရနေမှာ ဖြစ်ပေမယ့် ပြန်မသွားတော့မှာ မဟုတ်ဘူးလို့ ဂျိုးဟတ်က ပြောပါတယ်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာအနေနဲ့ ဂျိုးဟတ်ရဲ့လက်စွမ်းကို ကျေနပ်မှုမရှိတဲ့အတွက် ပေါ်တူဂီကလပ် ဘင်ဖီကာ ဂိုးသမား အန်ဒါဆင်ကို ချိတ်ဆက်နေပါတယ်။
မန်စီးတီးအသင်းအနေနဲ့ ဝါရင့်ဂိုးသမား ကာဘယ်လီယိုကိုလည်း ထွက်ခွာခွင့် ပေးလိုက်တာကြောင့် ဂိုးသမားတဦး သေချာပေါက် ခေါ်ယူဖို့ ရှိပါတယ်။
အသင်းဆီ ပြန်လာတဲ့ ဂျိုးဟတ်ကိုတော့ ပေါင် သန်း ၂၀ လောက်နဲ့ ရောင်းချဖို့ စီစဉ်ထားပြီး အဲဗာတန်၊ လက်စတာနဲ့ ဆောက်သမ်တန်အသင်းတွေက ခေါ်ယူလိုနေပါတယ်။
4 years Ago