တိုရီနိုတိုက်စစ်မှူး ဘယ်လော့တီကို ခေါ်ယူရန် မန်ယူ ပြင်ဆင်

May 5, 2017

တိုရီနိုတိုက်စစ်မှူး ဘယ်လော့တီကို ခေါ်ယူရန် မန်ယူ ပြင်ဆင်

မန်ယူအသင်းအနေနဲ့ တိုရီနိုအသင်းက အသက် ၂၃ နှစ်အရွယ်ရှိ တိုက်စစ်မှူး အန်ဒရီယာ ဘယ်လော့တီကို ပေါင် ၆၄ သန်းနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဘယ်လော့တီဟာ အခုနှစ်ရာသီမှာ တိုရီနိုအသင်းအတွက် ၂၅ ဂိုး သွင်းယူပေးထားပါတယ်။ ဘယ်လော့တီဟာ ပြီးခဲ့တဲ့နှစ်ကနေ ၂၀၂၁ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုထားသူ ဖြစ်ပြီး သူ့ကို ခေါ်ယူနိုင်ဖို့ဆို ပေါင် ၈၅ သန်းနီးပါး ပေးချေရဖွယ် ရှိနေပါတယ်။ ဘယ်လော့တီဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ ကစားချင်တယ်လို့ ပြောကြားထားခဲ့သူဖြစ်ပြီး ချဲလ်ဆီးနည်းပြ ကွန်တီကလည်း မျက်စိကျနေတယ်လို့ သိရပါတယ်။ မန်ယူအသင်းအနေနဲ့ အသင်းရဲ့ တိုက်စစ်မှူး အီဘရာဟီမိုဗစ် ဒဏ်ရာရရှိနေတာနဲ့ ဝိန်းရွန်နီရဲ့ ခြေစွမ်းကျဆင်းလာမှုကို ပြင်ဆင်ဖို့အတွက် ခြေလှမ်းစလာခဲ့တာလည်း ဖြစ်ပါတယ်။
4 years Ago
Up