တိုယိုတာကုမ္ပဏီက လူများကို အဖော်လုပ်ပေးမည့် စက်ရုပ် ရောင်းချမည်

A d v e r t i s e m e n t With Us

October 4, 2016

တိုယိုတာကုမ္ပဏီက လူများကို အဖော်လုပ်ပေးမည့် စက်ရုပ် ရောင်းချမည်

တိုယိုတာမော်တာကားကုမ္ပဏီက နောက်နှစ်ထဲမှာ လူတွေကို အဖော်လုပ်ပေးမယ့် စက်ရုပ်အသေးစားတွေကို ဈေးကွက်မှာ ရောင်းချတော့မှာ ဖြစ်ပါတယ်။ ကီရိုဘို (KIROBO) လို့ခေါ်တဲ့ စက်ရုပ်တွေဟာ လူဦးရေကျဆင်းပြီး သက်ကြီးလူဦးရေ ပိုများလာတဲ့ ဂျပန်နိုင်ငံမှာ တချို့တွေရဲ့ အထီးကျန် အဖော်မဲ့ဘ၀ကို အထောက်အပံ့ ဖြစ်လာပါလိမ့်မယ်။ ကုမ္ပဏီကတော့ အသက်အရွယ်အုပ်စုတခုအတွက် ရည်ရွယ်ထုတ်လုပ်တာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ကီရိုဘိုကို ဈေးကွက်ထဲဖြန့်ဖို့ ပြင်နေတဲ့အချိန်ဟာ ဂျပန်ရဲ့ လူဦးရေမှာ အသက် ၆၅ နှစ်နဲ့အထက်က ၃၄ သန်း၊ လူဦးရေရဲ့ ၂၇ ရာခိုင်နှုန်းအထိ ရှိနေချိန် ဖြစ်ပါတယ်။ ဂျပန်မှာ စက်ရုပ်ကို အဖော်ပြုတာဟာ အထူးအဆန်း မဟုတ်ပါဘူး။ ၁၉၉၉ ခုနှစ်မှာ ဆိုနီကုမ္ပဏီက အချစ်တော်ခွေးစက်ရုပ်ကို ထုတ်လုပ်ပြီး ဈေးကွက်မှာ ရောင်းတဲ့အခါ ဂျပန်မှာ မိနစ် ၂၀ အတွင်း အကောင် ၃၀၀၀ ကျော် အရောင်းစံွံခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ အကောင် ၂၀၀၀ ကုန်ဖို့ ၄ ရက် စောင့်ရခဲ့ရပါတယ်။ အခု အသစ်ထုတ်မယ့် စက်ရုပ်ဟာ ၁၀ စင်တီမီတာ (၄ လက်မ) နီးပါးရှိပြီး ၃ နာရီ ဓာတ်အားသွင်းပေးနဲ့  ၂ နာရီခွဲကြာအောင် စကားပြောနိုင်ပါတယ်။ ရောင်းဈေးအနေနဲ့ ဒေါ်လာ ၁၀၀၀ နီးပါးဖြစ်ပြီး လစဉ် ၃ ဒေါ်လာပေးပြီး အပလီကေးရှင်းတွေကို မှာယူနိုင်မှာ ဖြစ်ပါတယ်။
4 years Ago
Up