နိုဝင်ဘာ ၂၂ ရက်နေ့က ရန်ကုန်မှာ ယှဉ်ပြိုင်သွားတဲ့ ၂၀၁၅ တိုယိုတာ မဲခေါင်ကလပ် ချန်ပီယံဖလား (Toyota Mekhong Club Championship 2015) အုပ်စုပွဲစဉ်မှာ ရန်ကုန်ယူနိုက်တက်အသင်းက လာအို တိုယိုတာအက်ဖ်စီအသင်းကို ၅ ဂိုး ၂ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။
ရန်ကုန်ယူနိုက်တက်အသင်းဟာ အုပ်စု ဒုတိယပွဲစဉ်အဖြစ် ကမ္ဘောဒီးယား ချန်ပီယံ Boeung Ket Angkor အသင်းနဲ့ နိုဝင်ဘာ ၂၉ ရက်နေ့မှာ အဝေးကွင်း သွားရောက် ကစားရမှာပါ။
ကမ္ဘောဒီးယား ချန်ပီယံအသင်းဟာ လာအိုတိုယိုတာအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရထားပြီး လောလာဆယ် ရန်ကုန်ယူနိုက်တက်အသင်းနဲ့ ၃ မှတ်စီ ရမှတ်ချင်း တူပေမယ့် သွင်းဂိုး အားသာချက်နဲ့ ရန်ကုန်အသင်းက အုပ်စုကို ဦးဆောင်နေပါတယ်။
ကမ္ဘောဒီးယားကလပ်နဲ့ ပွဲစဉ်မှာ သရေကျရုံနဲ့ ရန်ကုန်ယူနိုက်တက်အသင်းက ဆီမီးဖိုင်နယ်ကို တက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။
7 years Ago