တိုင်းပြည်ကို တပ်မတော် အကာအကွယ်အောက်တွင် မယိမ်းမယိုင် ရှိနေစေရေး အလေးထား လုပ်ဆောင်သွားရန် ကာချုပ် ပြော

A d v e r t i s e m e n t With Us

February 29, 2016

တိုင်းပြည်ကို တပ်မတော် အကာအကွယ်အောက်တွင် မယိမ်းမယိုင် ရှိနေစေရေး အလေးထား လုပ်ဆောင်သွားရန် ကာချုပ် ပြော

တိုင်းပြည်ကို တပ်မတော်ရဲ့ အကာအကွယ်အောက်မှာ မယိမ်းမယိုင် ရှိနေစေရေးနဲ့ ပြည့်စုံလုံခြုံအောင် ကာကွယ် စောင့်ရှောက်နိုင်ရေးအတွက် အလေးထား လုပ်ဆောင်သွားဖို့ ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။ ပုသိမ်တပ်နယ်နဲ့ ဟိုင်းကြီးကျွန်းမှာရှိတဲ့ ပမ္မ၀တီ ရေတပ်စခန်း ဌာနချုပ်မှာ စစ်တပ်အရာရှိ၊ မိသားစုတွေနဲ့ ဖေဖော်ဝါရီ ၂၈ ရက်က တွေ့ဆုံစဉ် ပြောဆိုသွားတာပါ။ ဒီမိုကရေစီ ကျင့်သုံးရာမှာ စည်းကမ်းနဲ့ ဥပဒေကို အလေးထားရမှာဖြစ်ပြီး တပ်မတော်အနေနဲ့ တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့မှာ ဥပဒေနဲ့အညီ ပူးပေါင်းလုပ်ဆောင်မှာ ဖြစ်သလို ဒီမိုကရေစီ ဖော်ဆောင်ခြင်းထက် ဒီမိုကရေစီကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အဓိက တာဝန်ရှိကြောင်းလည်း ဆိုထားပါတယ်။ ဒါ့အပြင် သမိုင်းမှတ်တမ်းတွေအရ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေးနဲ့ စီးပွားရေးပိုင်းတွေမှာ နိုင်ငံခြားသားတွေ၊ သွေးနှောပါဝင် လုပ်ဆောင်တာနဲ့ အခြေခံဥပဒေရဲ့ အားနည်းချက်တွေကြောင့် နိုင်ငံပြိုကွဲမယ့် အခြေအနေတွေကနေ တပ်မတော်က ထိန်းသိမ်းကာကွယ်ခဲ့ရတယ်လို့လည်း ကာချုပ်က ပြောဆိုသွားပါတယ်။
5 years Ago
Up