စည်လုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (ယူအန်အေ) ရဲ့ ထိပ်သီးအစည်းဝေးပွဲကို ဒီကနေ့ မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ် ပန်ဒါဟိုတယ်မှာ ကျင်းပ ပြုလုပ်နေပါတယ်။
ဆွေးနွေးပွဲမှာ တပ်မတော်ရဲ့ ထိုးစစ်တွေအပေါ် ထားသင့်တဲ့ သဘောထားနဲ့ လက်ရှိ နိုင်ငံရေးအခြေအနေ၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ယူအန်အေ အဖွဲ့ဝင်တွေရဲ့ ဒေသဆိုင်ရာ ဆွေးနွေးချက်တွေ ပါဝင်နိုင်ရေး စတာတွေကို ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။
အဖွင့်အမှာစကားကို ယူအန်အေ အဖွဲ့ရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ ဦးခွန်ထွန်းဦး၊ ဦးအေးသာအောင်နဲ့ ပူကျင်ရှင်းထန်တို့က ပြောဆိုခဲ့ကြပါတယ်။
သတင်းဓာတ်ပုံ - လင်းဆက်အောင်
6 years Ago