တိုင်းရင်းသားလူမျိုးစုများ

February 10, 2018

တိုင်းရင်းသားလူမျိုးစုများ ဈေးရောင်းပွဲတော် မန္တလေးတွင် ကျင်းပ

၇၁ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် (သတ္တမအကြိမ်) မန္တလေးအခြေစိုက် တိုင်းရင်းသားလူမျိုးစုများ ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဒီနေ့ မနက်ပိုင်းက မန္တလေးမြို့ မန္တလာသီရိအားကစားကွင်းမှာ ကျင်းပခဲ့ပါတယ်။ ဒီပွဲကို ဖေဖော်ဝါရီ ၁၀ ရက်ကနေ ၁၂ ရက်ထိ ကျင်းပမှာဖြစ်ပြီး တိုင်းရင်းသားလူမျိုးတွေက ဒေသထွက်ကုန် ရိုးရာအသုံးအဆောင်၊ ရိုးရာအထည်အလိပ်တွေနဲ့ ဒေသအစားအစာတွေကို ခင်းကျင်း ရောင်းချကြမှာပါ။ အဲဒီအခမ်းအနားကို တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားလူမျိးစုတွေ တက်ရောက်ဖွင့်လှစ်ခဲ့ကြပါတယ်။
4 years Ago
Up