တိုင်းရင်းသားလက်နက်ကိုင် ၁၆ ဖွဲ့နှင့် အပစ်ရပ်လက်မှတ်ထိုးရေး အရင်လုပ်မည်ဟု ဦးအောင်မင်းပြော

March 26, 2019

မဖြစ်နိုင်သည်ကို မတောင်းဆိုရန် တိုင်းရင်းသားလက်နက်ကိုင်များကို တပ်မတော်ပြော

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ (EAOs) အနေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေအတွင်း မဖြစ်နိုင်တာတွေကို မတောင်းဆိုကြဖို့ တပ်မတော်က ပြောကြားလိုက်ပါတယ်။ မတ်လ ၂၅ ရက်က နေပြည်တော် တပ်မတော်စစ်သမိုင်းပြတိုက်မှာ ကျင်းပတဲ့ ရခိုင်ပြည်နယ်အတွင်း အေအေတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ခိုက်မှု ဖြစ်စဉ်တွေအပေါ် ရှင်းလင်းတဲ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ  ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောဆိုခဲ့တာပါ။ “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီးတော့မှ ကျနော်တို့ တပ်မတော်အနေနဲ့ ပြောချင်တာကတော့ EAO တွေအနေနဲ့ တွေ့ဆုံဆွေးနွေးတာဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် တိုးတက်တယ်ဆိုတဲ့ လက္ခဏာဆောင်တယ် ဆိုတာကို လက်ခံပါတယ်။ ကြိုလည်း ကြိုဆိုပါတယ်။ ဒါပေမယ်လို့ ကျနော်တို့အနေနဲ့ အဖြေ (Result) ကို စောင့်ကြည့်မှာ ဖြစ်ပါတယ်။ အဖြေမထွက်ခင် သို့မဟုတ် ကောင်းတဲ့ Result မရခဲ့ရင် ဒီတွေ့ဆုံမှုတွေဟာ အကျိုးမရှိပါဘူး။ ဒါကြောင့် EAO တွေအနေနဲ့ တွေ့ဆုံမှုတွေမှာ မဖြစ်နိုင်တာတွေ တောင်းဆိုတာမျိုးထက် ငြိမ်းချမ်းရေးကို ရှေးရှုတဲ့ လုပ်ဆောင်မှုတွေ ပြုလုပ်ဖို့အတွက် တပ်မတော်အနေနဲ့ ပြောကြားလိုပါတယ်” လို့ ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောပါတယ်။ အစိုးရအနေနဲ့ရော တပ်မတော်အနေနဲ့ပါ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ မကြာခဏဆိုသလို တွေ့ဆုံမှုတွေ ရှိလာတာကိုလည်း တွေ့ရပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ အပစ်ရပ်ထားတဲ့ တိုင်းစစ်ဌာနချုပ် ၅ ခုမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေဘက်က စည်းကမ်းဖောက်ဖျက်မှုတွေကိုလည်း တပ်မတော်ဘက်က ရှင်းလင်းတင်ပြသွားပါတယ်။
2 years Ago

March 15, 2019

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များနှင့် ကေအန်ပီပီကို ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်

မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ ၇ ဖွဲ့နဲ့ ကေအန်ပီပီ တပ်ဖွဲ့တို့ကို အစိုးရ ငြိမ်းချမ်းရေးကော်မရှင်က ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ မတ် ၂၁ ရက် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနမှာ တွေ့ဆုံပြီး ရှေ့ဆက်လက်ဆောင်ရွက်မယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆွေးနွေးညှိနှိုင်းလိုတယ်လို့ အစိုးရဖိတ်စာမှာ ဖော်ပြပါတယ်။ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းက သူတို့တပ်ဖွဲ့ ဆွေးနွေးပွဲတက်မယ်လို့ ပြောပါတယ်။ “ဖိတ်စာတော့ရောက်ပါပြီ၊ ဘယ်သူတက်မလဲဆိုတာ မသိသေးဘူး၊ ဌာနချုပ်က ဘယ်လိုစီစဉ်မယ်၊ ဘယ်သူ့ကိုလွှတ်မယ် မသိရသေးဘူး။” မိုင်းလားတပ်ဖွဲ့ ပြောခွင့်ရ ဦးကြည်မြင့်ကလည်း သူတို့တပ်ဖွဲ့ ကိုယ်စားလှယ်တွေ ဆွေးနွေးပွဲတက်မယ်လို့ ပြောပါတယ်။ အစိုးရနဲ့ အခုဖိတ်ကြားထားတဲ့ တိုင်းရင်သား လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့ ၈ ဖွဲ့တို့ ဆွေးနွေးပြီးရင် နောက်တနေ့မှာ တပ်မတော် ညှိနှိုင်းဆွေးနွေးရေးအဖွဲ့က တဖွဲ့ချင်းနဲ့ ဆက်လက်ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၁ ရက်က တပ်မတော်ဘက်ကနေ စစ်တိုင်း ၅ ခုမှာ တဖက်သတ် အပစ်အခတ် ရပ်စဲကြောင်း ကြေညာခဲ့ပြီးတဲ့နောက် ၃ လလောက်အကြာမှာ အစိုးရက မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၇ ဖွဲ့နဲ့ ဆွေးနွေးဖို့ ဖိတ်ခေါ်လာတာ ဖြစ်ပါတယ်။ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၇ ဖွဲ့ထဲမှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ရက္ခိုင် အမျိုးသားအဖွဲ့ချုပ် (ULA)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF)၊ မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ (MNTJP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ (PSC) နဲ့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) တို့ ပါဝင်ပါတယ်။ ကေအန်ပီပီ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီကတော့ အန်စီအေ ဆွေးနွေးပွဲတွေမှာ တောက်လျှောက်ပါဝင်ခဲ့ပေမယ့် ခုချိန်ထိ အန်စီအေ အပစ်ရပ်စာချုပ်မှာ လက်မှတ်မထိုးသေးပါဘူး။ မြောက်ပိုင်းတပ်ဖွဲ့ ၇ ခုနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) အနေနဲ့ အစိုးရနဲ့ ဆွေးနွေးလိုတယ်လို့ အကြိမ်ကြိမ် ကမ်းလှမ်းခဲ့ဖူးပါတယ်။
2 years Ago
More News
Up