တိုင်ဖွန်း မာရန်တီ တရုတ်ပြည်အရှေ့ပိုင်းကမ်းခြေကို ၀င်ရောက်

September 15, 2016

တိုင်ဖွန်း မာရန်တီ တရုတ်ပြည်အရှေ့ပိုင်းကမ်းခြေကို ၀င်ရောက် (ရုပ်သံ)

မာရန်တီအမည်ရ တိုင်ဖွန်းမုန်တိုင်းဟာ တရုတ်ပြည်အရှေ့ပိုင်း ဖူဂျန်ခရိုင်ထဲက ရှီအာမန်မြို့ ကမ်းခြေကို ဒီနေ့စောစောပိုင်းမှာ ၀င်ရောက်သွားပါတယ်။ ဒီတကြိမ်ပါဆိုရင် ဒီနှစ်ထဲမှာ တရုတ်ပြည်ထဲ မုန်တိုင်းဝင်တာ ၁၄ ကြိမ်မြောက် ရှိသွားပါပြီ။ မုန်တိုင်းအရှိန်ကြောင့် ဖူဂျန်မြို့မှာ လေပြင်းနဲ့အတူ မိုးသည်းထန်နေပါတယ်။ ၁ နာရီကို ကီလိုမီတာ ၁၈၀ နှုန်းနဲ့ တိုက်ခတ်တဲ့ မုန်တိုင်းကြောင့် ရှီအာမန်မြို့ရဲ့ တချို့အစိတ်အပိုင်းတွေမှာ လျှပ်စစ်မီး ပြတ်တောက်နေပြီး အဝေးပြေးလမ်းမတွေကိုလည်း ပိတ်ထားရပါတယ်။ မုန်တိုင်းဟာ အရှေ့မြောက်ကို ဆက်လက်ရွေ့လျားနေပြီး အားပျော့သွားမယ့် အနေအထား ရှိတယ်လို့ မိုးလေ၀သဌာနက ခန့်မှန်းထားပါတယ်။
5 years Ago
Up