တိုင်ဖွန်းမုန်တိုင်း

A d v e r t i s e m e n t With Us

September 30, 2018

ဂျပန်တွင် အားပြင်း တိုက်ဖွန်းမုန်တိုင်း ၀င်ရောက်

စက်တင်ဘာလ ၂၉ ရက်နေ့က ဂျပန်နိုင်ငံတောင်ပိုင်းကို အားပြင်းတဲ့ တိုက်ဖွန်းမုန်တိုင်း ထရမ်မီ ၀င်ရောက်ခဲ့ပါတယ်။ မိုးကြီးပြီး လေပြင်းတွေ တိုက်ခဲ့တာကြောင့် လေကြောင်းခရီးစဉ်တွေ ဖျက်သိမ်းခဲ့ရပြီး မြို့အတော်များများ လျှပ်စစ်မီးပြတ်တောက်တာတွေ ကြုံတွေ့ခဲ့ရပါတယ်။ အပူတိုင်းတိုက်ဖွန်း မုန်တိုင်း အဆင့် ၂ သတ်မှတ်ခံရတဲ့ ထရမ်မီဟာ တစ်နှစ်အတွင်း အပူလှိုင်းဖြတ်မှု၊ မိုးကြီးမှု နဲ့ မြေပြိုမှု စတဲ့ ရာသီဥတုဆိုးတွေ ဖြစ်ခဲ့တဲ့ ဂျပန်နိုင်ငံကို နောက်ဆုံးဝင်ရောက်ခဲ့တဲ့ မုန်တိုင်းဖြစ်ပါတယ်။ ဒီအတွက် အိုကီနာဝမ်ကျွန်းတွေမှာ မိုးသည်းထန်စွာ ရွာပြီး ရေကြီးခဲ့ပါတယ်။ မိုးကြီး လေထန်မှုကြောင့် သစ်ပင်တွေပြိုလဲပြီး ယာဉ်တွေ မှောက်နေတာကိုလည်း တွေ့ရပါတယ်။ တိုက်ဖွန်း ထရမ်မီကြောင့် မီယာကိုဂျီမာ ကျွန်းပေါ်က မြို့ပေါင်း ၃၀ ကျော် လျှပ်စစ်ဓာတ် အားပြတ်တောက်ခဲ့ပြီး အိုကီနာဝါမြို့ရှိ လေကြောင်းခရီးစဉ် ၃၈၀ ကျော်ကို ဖျက်သိမ်းခဲ့ရတယ်လို့ အန်အိပ်ခ်ျကေသတင်းမှာ ဖော်ပြထားပါတယ်။
2 years Ago

September 17, 2018

မုန်တိုင်းဒဏ်သင့် တရုတ်တောင်ပိုင်းတွင် နျူကလီးယား ဓာတ်အားပေးစက်ရုံများ ဘေးကင်း

နှစ် ၆၀ အတွင်း ကမ္ဘာ့အားအပြင်းဆုံး စူပါတိုင်ဖွန်းမုန်တိုင်းဒဏ် ခံခဲ့ရပေမယ့် တရုတ်နိုင်ငံ တောင်ပိုင်းက နျူကလီးယား ဓာတ်အားပေးစက်ရုံ အသီးသီးဟာ ဘေးကင်းတည်ငြိမ်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ တရုတ်အစိုးရရုပ်သံ စီစီတီဗွီက စက်တင်ဘာ ၁၇ ရက်နေ့မှာ ပြောပါတယ်။ စူပါတိုင်ဖွန်း မင်းကွတ်ဟာ တနာရီကို ၁၉၈ ကီလိုမီတာနှုန်းနဲ့ တိုက်ခတ်ခဲ့တာပါ။ မုန်တိုင်း တိုက်ခတ်ခဲ့ပေမယ့် ကမ္ဘာ့အကြီးဆုံး ပင်လယ်ဖြတ်တံတားတွေထဲက တခုဖြစ်တဲ့ ဟောင်ကောင်-ကျူးဟိုင်-မကာအိုတံတားရဲ့ စနစ်အားလုံး ပုံမှန်အတိုင်း ရှိနေတယ်လို့လည်း ဆိုပါတယ်။ မင်းကွတ်မုန်တိုင်းကြောင့် ဖိလစ်ပိုင်နဲ့ တရုတ်နိုင်ငံတောင်ပိုင်းမှာ စုစုပေါင်း လူအယောက် ၈၀ ကျော် သေဆုံးခဲ့ပြီးပါပြီ။ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဖိလစ်ပိုင်မှာလည်း မြေပြိုမှုတွေ ဖြစ်ခဲ့လို့ သေဆုံးသူ အရေအတွက် တိုးလာနိုင်တယ်လို့ မျှော်လင့်ရပါတယ်။
2 years Ago
More News
Up