တိုင်ဖုန်း မီလာကြောင့် ဖိလစ်ပိုင်တွင် ရေကြီး (ရုပ်သံ)

December 18, 2015

တိုင်ဖုန်း မီလာကြောင့် ဖိလစ်ပိုင်တွင် ရေကြီး (ရုပ်သံ)

ဖိလစ်ပိုင်နိုင်ငံ ပန်းပန်ဂါပြည်နယ်ထဲမှာ တိုင်ဖုန်းမုန်တိုင်း ဖြတ်သန်းပြီးနောက် ရေကြီးမှုနဲ့ ကြုံနေရပါတယ်။ တိုင်ဖုန်းမုန်တိုင်း မီလာကြောင့် မိုးသည်းထန်ခဲ့ပြီး အနိမ့်ပိုင်းဒေသမှာ ဒီဇင်ဘာ ၁၈ ရက်နေ့အထိ ရေမကျသေးပါဘူး။ အဆင့် ၃ ရှိတဲ့ မုန်တိုင်းဟာ ဒီဇင်ဘာ ၁၇ ရက်နေ့က ဖိလစ်ပိုင် အတွင်းပိုင်းဒေသကို ၀င်ရောက်ခဲ့ရာမှာ ၁၈ ရက်နေ့အထိ ၄၁ ဦး သေဆုံးတယ်လို့ အတည်ပြုနိုင်ပါတယ်။ နောက်ထပ် ၄ ဦး ပျောက်ဆုံးနေပြီး လူ ၂၀ လောက်လည်း ဒဏ်ရာရခဲ့ပါတယ်။ လူဦးရေ ၇၅၀၀၀၀ လောက်ဟာလည်း ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေရပါတယ်။ သစ်ပင်ပိတာ၊ ရေနစ်တာ၊ ဓာတ်လိုက်တာ၊ မြေပြိုတာတွေကြောင့် လူသေတဲ့အထိ ဖြစ်ခဲ့ရတာလို့ ကယ်ဆယ်ရေးဌာနက ပြောပါတယ်။ အခြေခံ အဆောက်အဦတွေ၊ ယာမြေတွေ  ပျက်စီးသွားရာမှာ ဆုံးရှုံးမှုတန်ဖိုး ဒေါ်လာ ၁၉ သန်းကျော် ရှိမယ်လို့လည်း ကယ်ဆယ်ရေးအဖွဲ့က ခန့်မှန်းထားပါတယ်။
7 years Ago
Up