ပြင်းထန်တဲ့ အပူရှိန်က ကင်းလွတ်အောင် ရုရှားတိုင်ပတ်ကခြေသည်တွေက ဘားတွေနဲ့ နိုက်ကလပ်တွေမှာ ကမယ့်အစား တရုတ်နိုင်ငံ အရှေ့တောင်ဘက် ဖုကျင့်ခရိုင် ဖူဂျိုမြို့က Zuohai Park’s Ocean World မှာ ဇူလိုင် ၁၄ ရက်နေ့က လှပပြီးစွဲမက်ဖွယ်ရာ ရေအောက်တိုင်ပတ်အက ကပြီး လာရောက်တဲ့ ဧည့်သည်တွေကို ဖြော်ဖြေခဲ့ကြပါတယ်။
ကပြဖျော်ဖြေသူတွေရဲ့ ရေသူမလေးတွေ သဖွယ် ဟန်ပါတဲ့ ကပြပုံတွေကို ဓာတ်ပုံတွေထဲမှာ တွေ့မြင်ရမှာ ဖြစ်ပြီး အနီးအနားမှာလည်း ငါးလေးတွေကလည်း အဆက်မပြတ်ကူးခတ်နေကြတယ်လို့ စီဂျီတီအန်သတင်းမှာ ရေးသားထားပါတယ်။
ဖူဂျိုမြို့မှာ အပူလှိုင်းကြောင့် နေ့ဘက်တွေမှာ အပူချိန်မြင့်တက်နေပြီး ဇူလိုင် ၁၄ ရက်နေ့က အပူချိန် ၃၇ ဒီဂရီအထိ ရှိခဲ့တာပါ။ ဒီကပြဖျော်ဖြေပွဲက လှပဆန်းကြယ်အဆင့်မြင့်တဲ့ အကတွေကို စိတ်မဝင်စားရင်တောင် အနည်းဆုံး နွေရာသီရဲ့ အပူလှိုင်းဒဏ်ကနေ လွတ်မြောက်နိုင်ပါတယ်လို့ ပွဲကြည့်ပရိသတ်တွေကို စွဲဆောင်ထားပါတယ်။
6 years Ago