တိုကျိုမြို့တော်

August 15, 2015

တိုကျိုမြို့တော် က အလှကြည့် မြွေကဖေးဆိုင် (ရုပ်သံ)

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာ မြွေတွေနဲ့ ကော်ဖီဆိုင်ထိုင်ချင်သူတွေအတွက် အလှကြည့်မြွေကဖေးဆိုင်လေးကို ပြီးခဲ့တဲ့တပတ်က ဖွင့်လှစ်ခဲ့ပါတယ်။ ဆိုင်ထဲမှာ အဆိပ်မရှိတဲ့မြွေ ၃၅ ကောင်ကို လှောင်အိမ်လေးတွေနဲ့ မွေးမြူပြသထားပြီး အဲ့ဒီထဲက အကောင် ၂၀ ကိုတော့ ကိုင်တွယ်ကြည့်နိုင်ပါတယ်။ ဆိုင်ဝင်ကြေးအဖြစ် လူတယောက်ကို အစားအသောက်မပါ အမေရိကန်ဒေါ်လာ ၈ ဒေါ်လာသတ်မှတ်ထားပြီး နောက်တဦးအတွက်တော့ တ၀က်ဈေးနဲ့ ၀င်လို့ရပါတယ်။ တိုကျိုမြို့တော်ရဲ့ ဖက်ရှင်ဆိုင်တွေနဲ့ စည်ကားတဲ့ ရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့အတွက် တိုကျိုမြို့ခံ အထက်တန်းကျောင်းသူတွေ အလာများတယ်လို့ ဆိုင်ပိုင်ရှင်ကပြောဆိုပါတယ်။ လူတွေက မြွေတွေကို ကြောက်စရာ၊ အန္တရာယ်ကြီးတဲ့အကောင်လို့ သတ်မှတ်ထားကြပြီး သူတို့ဟာ တကယ်တော့ ကြောက်စရာမဟုတ်ပဲ ကာကွယ်ထိန်းသိမ်းရမယ်ဆိုတဲ့ အမြင်ကို ပေးစေချင်တာကြောင့် ဒီကဖေးဆိုင်လေးကို ဖွင့်လှစ်တာလို့ ဆိုင်ပိုင်ရှင်က ပြောပါတယ်။ ဒီမြွေတွေကို မြွေအရောင်းဆိုင်တွေကနေ လက်ရွေးစင် ရွေးချယ်ဝယ်ယူထားတာလို့လည်း ဆိုင်မန်နေဂျာဖြစ်သူက ပြောဆိုပါတယ်။
6 years Ago
Up