တိုကျိုမြို့

May 28, 2019

တိုကျိုမြို့ပြင် ဘတ်စ်ကားဂိတ်တခုတွင် ဓားထိုးမှုဖြစ်၊ ကျောင်းသူလေးတဦး သေဆုံး

ဂျပန်နိုင်ငံ တိုကျိုမြို့ပြင်က ဘတ်စ်ကားဂိတ်တခုမှာ မေလ ၂၈ ရက်က ဓားထိုးမှုတခု ဖြစ်ပွားပြီး ကျောင်းသူလေးတယောက် သေဆုံးကာ ကလေးငယ် ၁၂ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်ကို ကိုးကားပြီး နိုင်ငံပိုင်ရုပ်သံ NHK သတင်းဌာနက ဖော်ပြပါတယ်။ လူကြီး ၃ ယောက်လည်း ဒဏ်ရာရခဲ့ပေမယ့် အဲဒီထဲက တယောက်ကတော့ စိုးရိမ်စရာ မရှိဘူးလို့ NHK က ပြောပါတယ်။ တိုကျိုမြို့ တောင်ဘက်က ကာဝါဆာကီမြို့မှာ အသက် ၆ နှစ်ကနေ ၇ နှစ်အရွယ်ရှိတဲ့ ကျောင်းသူလေးတွေ ကျောင်းကားစောင့်နေတဲ့ ဘတ်စ်ကားဂိတ်မှာ အခုလို ဓားထိုးမှု ဖြစ်ခဲ့တာပါ။ ဓားထိုးမှုနဲ့ပတ်သက်တဲ့ သံသယရှိသူ အမျိုးသားဟာ အဲဒီနေရာမှာပဲ အဖမ်းခံရချိန်မှာ သူ့လည်ပင်းသူ ဓားနဲ့ပြန်ထိုးခဲ့ပြီး နောက်ပိုင်းမှာ သေဆုံးသွားတယ်လို့ NHK သတင်းဌာနက ပြောပါတယ်။ လက်ရှိမှာ တိုက်ခိုက်ရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးဘဲ အာဏာပိုင်တွေကတော့ စုံစမ်းစစ်ဆေးတာတွေ ဆက်လုပ်နေပါတယ်။
3 years Ago

September 15, 2018

အိုမင်းဟောင်းနွမ်းနေသည့် တိုကျိုမြို့ တစခိဂျိဈေး ပြန်လည်နေရာချထားရေး စတင်

ဂျပန်နိုင်ငံ မြို့တော် တိုကျိုရဲ့ အုပ်ချုပ်ရေးမှူး ယူရိကို ခိုအိခဲဟာ အိုမင်းဟောင်းနွမ်းနေတဲ့ တစုခိဂျိ ဈေးကို ပြန်လည်နေရာချထားရေး စက်တင်ဘာ ၁၃ ရက်က စတင်လိုက်ပါတယ်။ တိုကျိုမှာ ၂ဝ၂ဝ အိုလံပစ်ပွဲကို လက်ခံကျင်းပချိန် လိုအပ်တဲ့ လမ်းအတွက် လမ်းကြောင်းဖော်ဖို့ ဈေးကို နေရာရွှေ့ပေးရတာပါ။ တိုယိုစု ဈေးသစ်မှာ ဆောက်လုပ်ချိန်က အဆိပ်သင့် ညစ်ညမ်းမှုတွေ ကင်းစင် ဘေးကင်းကြောင်း အစိုးရက ကြေညာအပြီး ဈေးသစ် ဖွင့်ခွင့်ပေးအပြီးမှာ ခုလို နေရာပြန်ချ ပေးခဲ့တာပါ။ အရင်က တိုကျိုဓာတ်ငွေ့ ကော်ပိုရေးရှင်းရဲ့ ထုတ်လုပ်မှု စက်ရုံမြေနေရာဖြစ်ခဲ့တဲ့ တိုယိုစု ဈေးဟာ ဘန်ဇင်းနဲ့ စီယာနိုဂျင် အပါအဝင် အဆိပ်သင့် ဓာတုပစ္စည်းတွေနဲ့ ညစ်ညမ်းနေခဲ့တာပါ။ ဒါကြောင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ဘေးကင်းမှုအတွက် ပြည်သူတွေက စိုးရိမ်ခဲ့ပါတယ်။ တိုကျိုမြို့ အစိုးရက ထပ်ဆောင်း အနေနဲ့ ပတ်ဝန်းကျင် သန့်စင်ရေး လုပ်ဆောင်ချက်တွေ ထပ်လုပ်ပေးခဲ့လို့ ဈေးကို ပြန်လည်နေရာချထားရေး နှောင့်နှေးခဲ့ပါတယ်။ စုခိဂျိ ဈေးဟာ လတ်ဆတ်တဲ့ ဆူရှီ စားစရာတွေနဲ့ ကျူနာငါးကြီးတွေ အပါအဝင် ငါးမျိုးစိတ် စုံစုံလင်လင် ရနိုင်တဲ့ ဈေးဖြစ်လို့ တနှစ်ကို ဈေးဝယ်သူ ထောင်သောင်းချီ လာရောက်လေ့ ရှိတဲ့ ဈေးပါ။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေရဲ့ စီးပွားရေး စီမံကိန်းဖြစ်တဲ့ ခရီးသွားလုပ်ငန်းရဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ ဈေးသစ်ကို အောက်တိုဘာ ၁၁ရက်မှာ တရားဝင် ဖွင့်လှစ်မှာ ဖြစ်ပြီး ငါး၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို ရောင်းချမှာ ဖြစ်ပါတယ်။
3 years Ago
Up