တိုကျိုဘုရားကျောင်း

December 9, 2017

တိုကျိုဘုရားကျောင်း ဆာမူရိုင်းဓားဖြင့် တိုက်ခိုက်မှု လူ ၃ ဦး သေဆုံး၊ ၁ ဦးဒဏ်ရာရ

ဂျပန်နိုင်ငံ တိုကျိုမြို့က နာမည်ကြီးဘုရားကျောင်းရဲ့ အကြီးအကဲဖြစ်သူ သီလရှင်ကို အစ်ကိုဖြစ်သူက ဂျပန်ဆာမူရိုင်းဓားနဲ့ ချောင်းမြောင်းတိုက်ခိုက် သတ်ခဲ့ပြီးနောက် သူ့ကိုယ်သူ အဆုံးစီရင်လိုက်တယ်လို့ ရဲတွေက ဒီဇင်ဘာလ ၈ ရက်နေ့မှာ ပြောလိုက်ပါတယ်။ တိုက်ခိုက်မှုအတွင်း ဘုရားကျောင်းအကြီးအကဲဖြစ်သူရဲ့ လက်ထောက် အမျိုးသမီးလည်း သေဆုံးခဲ့ပြီး ကားမောင်းသမားကတော့ ဒဏ်ရာရတယ်လို့ တိုကျိုမက်ထရိုပိုလီတန်ရဲတွေက ပြောပါတယ်။ ဘာကြောင့် ဒီလိုသတ်ဖြတ်ခဲ့တယ်ဆိုတာ မသိရပေမယ့် သီလရှင်နဲ့ အစ်ကိုဖြစ်သူတို့အကြား ခိုက်ရန်ဖြစ်ပွားမှု ရှိနိုင်တယ်လို့ ဂျပန်သတင်းဌာနတွေက ရေးသားထားပါတယ်။ ဒီဇင်ဘာလ ၇ ရက်နေ့ညက တိုမီယိုကာ ဟာချီမန်ဂူဘုရားကျောင်းရဲ့ အကြီးအကဲ အသက် ၅၈ နှစ်အရွယ် သီလရှင်  နာဂါကိုတိုမီယိုကာ ကားထဲကနေ ထွက်လာစဉ် တိုက်ခိုက်ခံရတာလို့ ရဲကပြောပြီး ဂျပန်သတင်းဌာနတွေက ဆာမူရိုင်းဓားနဲ့တိုက်ခိုက်သူက သေဆုံးသူ သီလရှင်ရဲ့ အစ်ကိုလို့ ပြောပေမယ့် ရဲတွေကတော့ အတည်မပြုပါဘူး။ လူသတ်သမားက ကားမောင်းသူကိုလည်း ဆာမူရိုင်းဓားနဲ့ တိုက်ခိုက်ခဲ့လို့ ကားသမား ဘုရားကျောင်းထဲ ဝင်ပြေးခဲ့ပေမယ့် နောက်က လိုက်ခဲ့ပြီး တိုက်ခိုက်ခဲ့တာကြောင့် ကားသမား ဒဏ်ရာရခဲ့တယ်၊ အဲ့ဒီနောက် လူသတ်သမားက လက်ထောက်သီလရှင်အမျိုးသမီးကို သတ်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်တာလို့ ရဲက ပြောပါတယ်။ ကာသမားဟာ အသက်အန္တရာယ်တော့ စိုးရိမ်စရာမရှိဘူးလို့ ရဲက ပြောပါတယ်။ နှစ် ၄၀၀ သက်တမ်းရှိတဲ့ တိုမီယိုကာ ဟာချီမန်ဂူဘုရားကျောင်း တိုကျိုမြို့ရဲ့ အကြီးဆုံး ရှင်တိုပွဲတော် ၃ ခုကို ကျင်းပလေ့ရှိလို့ လူသိများ ကျော်ကြားတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up