တိုက်ကြီး

June 9, 2019

တိုက်ကြီးတွင် တောဆင်ရိုင်းများ ၀င်ရောက်ဖျက်ဆီး

ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်မှာ တောဆင်ရိုင်းတွေ ဝင်ရောက်ဖျက်ဆီးတာကြောင့် နေအိမ် ၂ လုံး  ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ ဇွန်လ ၈ ရက်နေ့ ညနေ ၄ နာရီခွဲက တိုက်ကြီးမြို့နယ်၊ ကွမ်းသီးမြောင်ကျေးရွာရဲ့ အရှေ့ဘက် ၂ မိုင်လောက်အကွာ မာဂရီသစ်တောကြိုးဝိုင်းအတွင်း တောဆင်ရိုင်း ၃ ကောင် ၀င်ရောက်ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၂ လုံးက သွပ်ကာနံရံတွေ ပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် တောဆင်ရိုင်းတွေဟာ နေအိမ်အတွင်းက ဆန်အိတ် ၂ အိတ်ကိုလည်း စားသောက်ခဲ့ပြီးနောက် ပဲခူးရိုးမတောအတွင်း ပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။
3 years Ago

December 30, 2018

တိုက်ကြီးကြက်ဝိုင်း ရဲက ၀င်ဖမ်း၊ လူမမိဘဲ ဆိုင်ကယ် ၃၆ စီးသာ သိမ်းဆည်းမိ

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ဆိပ်သာကျေးရွာ သင်္ချိုင်းကုန်းအနီး လယ်ကွင်းထဲ ဒီဇင်ဘာ ၂၉ ရက်နေ့ နေ့လယ်ပိုင်းက ကြက်ဝိုင်းသွားရောက်ဖမ်းဆီးရာမှ လူတွေက ထွက်ပြေးသွားလို့ ဆိုင်ကယ် ၃၆ စီးသာ သိမ်းဆည်းရမိခဲ့တယ်လို့ တိုက်ကြီးမြို့မရဲစခန်းက ပြောပါတယ်။ "သတင်းအရ စခန်းမှူး ဦးကျော်ခိုင်စိုး ဦးဆောင်ပြီး သွားဖမ်းတဲ့အချိန် ၁၉၉ ကလည်း သတင်းချပြတဲ့အတွက် သွားဖမ်းတော့ ချောင်းကူးချိန်မှာ သူတို့ဘက်က ကျနော်တို့ကို အရင်တွေ့ပြီး ထွက်ပြေးကုန်တော့ လူတွေကိုတော့ မမိဘူး၊ ဆိုင်ကယ်အမျိုးအစားစုံ ၃၆ စီး၊ သိမ်းဆည်းရခဲ့တယ်" လို့ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် အောင်သူစိုးက ပြောပါတယ်။ သိမ်းဆည်းရမိသော သက်သေခံဆိုင်ကယ်တွေနဲ့ ပတ်သက်ပြီး မှတ်ပုံတင်ထားခြင်း ရှိ/မရှိကို ရန်ကုန်တိုင်းဒေသကြီး၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနကို ပေးပို့ထားပြီး သက်သေခံဆိုင်ကယ်တွေနဲ့ ပစ္စည်းတွေ စီမံခန့်ခွဲတာနဲ့ပတ်သက်ပြီး တိုက်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနဲ့ တိုင်း/ခရိုင် အဆင့်ဆင့်တင်ပြထားတယ်လို့ တိုက်ကြီးမြို့မရဲစခန်းက သိရပါတယ်။ သတင်း-မေသွယ်
3 years Ago
More News
Up