တိုက်လေယာဉ်

February 2, 2019

တိုက်လေယာဉ် ၂ စီး ပျက်ကျစဉ် ကျန်ခဲ့သည့် ပဲ့ထိန်းဒုံးကျည်​ တွေ့ရှိဖျက်​ဆီး

မ​ကွေးတိုင်း​ဒေသကြီး မင်းဘူးမြို့ အမှတ် ၁ ရပ်ကွက် ဆားပွတ်ချောင်းတံတားအနီး ပျက်​ကြခဲ့တဲ့ တပ်မတော်​​တိုက်လေယာဉ်မှ​ ပဲ့ထိန်းဒုံးကျည်​အား ​တွေ့ရှိခဲ့ပြီး သယ်ယူဖို့ အန္တရာယ်ရှိတာကြောင့် အဲဒီ​နေရာမှာပဲ ဖျက်ဆီးခဲ့တယ်​လို့ တာဝန်​ရှိသူတဦးက ပြောပါတယ်။ အရင်​က တပ်မတော်စစ်လေယာဉ်ပျက်ကျတဲ့ နေရာရဲ့ အရှေ့မြောက်ဘက် ကိုက် ၅၀၀ လောက်အကွာမှာ ဆိတ်​​ကျောင်းသွားသူတ​ဦးက ဇန်န၀ါရီ ၃၁ ရက်နေ့က စတင်​​တွေ့ရှိပြီး တာဝန်​ရှိသူတွေကို သတင်း​ပေးပို့ခဲ့တာလို့ သိရပါတယ်​။ မင်းဘူးမြို့နယ်ရဲတပ်ဖွဲ့တာဝန်ရှိသူတွေ၊ မကွေးလေတပ်စခန်းဌာနချုပ် တပ်မတော်တာဝန်ရှိသူတွေက ဒုံးကျည်တွေ့ရှိတဲ့​နေရာမှာ​ ည​နေ ၄ နာရီလောက် ​ဖောက်​ခွဲဖျက်​ဆီးခဲ့တာပါ။ ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၁၆ ရက် မနက်ပိုင်းက မကွေးလေတပ်က တိုက်လေယာဉ် ၂ စီး လေ့ကျင့်ပျံသန်းမှု ဆောင်ရွက်နေစဉ် မင်းဘူးမြို့နယ်နဲ့ စကုမြို့နယ်တို့မှာ ပျက်ကျခဲ့ပြီး တိုက်လေယာဉ်မှူး ၂ ဦး ကျဆုံးခဲ့ပါတယ်။ မင်းဘူးမြို့ အမှတ်လေးရပ်ကွက်နေ အသက် ၁၀ နှစ်အရွယ် မသွယ်ဇင်ငြိမ်းဟာလည်း လေယာဉ်အပိုင်းအစ ထိမှန်ခံရပြီး သေဆုံးခဲ့ပါတယ်။ အဲဒီအချိန်က ရေတက်ချိန်ဖြစ်နေလို့ လက်နက်ပစ္စည်းတွေ ရှာဖွေရာမှာ ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။ ကိုလင်း(​ချောက်​)
3 years Ago

January 10, 2019

ပြင်သစ် တိုက်လေယာဉ်တစီး လေ့ကျင့်ပျံသန်းစဉ် ပျက်ကျ

ပြင်သစ်လေတပ်ရဲ့ မီရာ့ခ်ျ ၂၀၀၀ အမျိုးအစား တိုက်လေယာဉ်တစီး နိုင်ငံအရှေ့ပိုင်းက တောင်တန်းဒေသမှာ ပျက်ကျခဲ့ပါတယ်။ ရှာဖွေကယ်ဆယ်ရေးအဖွဲ့က လေယာဉ်ရဲ့ အပျက်အစီးတွေကို ဇန်နဝါရီ ၉ ရက်နေ့က ရှာတွေ့ခဲ့တာပါ။ ဒါပေမယ့် လေယာဉ်ပေါ်က အမျိုးသား ၂ ဦးရဲ့ ကံကြမ္မာကိုတော့ မသိရသေးပါဘူး။ ဆွစ်ဇာလန်နိုင်ငံနဲ့ နယ်စပ်အနီး ဂျူရာဒေသအတွင်း အနိမ့်ပိုင်း ပျံသန်းလေ့ကျင့်နေတုန်း တိုက်လေယာဉ်ဟာ ဇန်နဝါရီ ၉ ရက်နေ့ မနက်ပိုင်းမှာ ရေဒါနဲ့ အဆက်အသွယ် ပြတ်သွားပါတယ်။ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ ဒေသတွင်းကို ချက်ချင်းလွှတ်ပေးခဲ့တယ်လို့ လေတပ်က ကြေညာချက် ထုတ်ပြန်ပါတယ်။ တောင်ပေါ် ပေ ၃၀၀၀ ကျော်အမြင့်မှာရှိတဲ့ မစ်ဂနိုဗီလာ့ဒ် ဒေသအနီး အပျက်အစီးတွေကြားမှာ လေထီးတခု တွေ့တယ်လို့ ဒေသခံသတင်းစာက ဖော်ပြပါတယ်။ ပျက်ကျတဲ့ လေယာဉ်မှာ လက်နက်တွေ တပ်ဆင်မထားပါဘူး။ လေယာဉ်ပျက်ကျတဲ့ အဓိက အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။
3 years Ago
More News
Up