တိုက်သင်္ဘော ကာဂါ

March 23, 2017

ဂျပန်နိုင်ငံရဲ့ ဒုတိယအကြီးဆုံး လေယာဉ်တင် တိုက်သင်္ဘော ကာဂါ

ဂျပန်ရေတပ်ဟာ သူ့ရဲ့ ဒုတိယမြောက်အကြီးဆုံး လေယာဉ်တင် တိုက်သင်္ဘော-ကာဂါ (Kaga) ကို မတ်လ ၂၂ ရက်နေ့က ပြန်လည်အသုံးပြုပြီး ဂျပန်ရေတပ်ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်လိုက်ပါတယ်။ ၂၄၈ မီတာအရှည်ရှိတဲ့ အဲဒီသင်္ဘောဟာ တိုကျိုမြို့နားက ယိုကိုဟားမား သင်္ဘောကျင်းမှာ သူထက်ကြီးတဲ့ လေယာဉ်တင်သင်္ဘော အီဇူမိုနဲ့အတူ ဆိုက်ကပ်ထားတာဖြစ်ပါတယ်။ ဂျပန်ရေတပ်ကွန်မန်ဒိုတွေက ရေတပ်စစ်တီးဝိုင်းနဲ့အတူ ကာဂါသင်္ဘောကို မောင်းနှင်ယူ ဆောင်ခဲ့တာပါ။ အဲဒီအကြီးဆုံး စစ်သင်္ဘောနှစ်စီးဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း နိုင်ငံတကာစစ်ရေးမှာ ဂျပန်စစ်တပ်ရဲ့အဆင့်အတန်းကို မြှင့်တင်လိုတဲ့ ဝန်ကြီးချုပ် ရှင်ဇို အာဘေးရဲ့ တွန်းအားပေးမှုကြောင့် ထွက်ပေါ်လာတဲ့ ရလဒ်ဖြစ်ပါတယ်။ အဲဒီသင်္ဘောနှစ်စီးရဲ့ ကုန်းပတ်လေယာဉ်ကွင်းတွေမှာ ဟယ်လီ ကော်ပတာ ၉ စီးစီ သယ်ဆောင်နိုင်စွမ်းရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
5 years Ago
Up