တိုက်ပွဲဝင် စစ်သားများအတွက်

May 27, 2017

တိုက်ပွဲဝင် စစ်သားများအတွက် ပေ ၁၀၀၀ အမြင့်ပျံသန်းနိုင်သည့် ရှပ်ပြေးယာဉ် (ရုပ်သံ)

လေထဲမှာ တနာရီ ၉၃ မိုင်နှုန်းနဲ့ ပျံသန်းနိုင်တဲ့ ဟိုဗာဘုတ်ခေါ် ရှပ်ပြေးယာဉ်ငယ်ကို တီထွင်ဖန်တီးသူက စမ်းသပ်ပျံသန်းပြနေတာ ရုပ်သံထဲမှာ မြင်ရပါတယ်။ ဖရန်ကီဇာပတာဆိုသူက ဒီရှပ်ပြေးယာဉ်ငယ်ကို တိုက်ပွဲဝင်စစ်သားတွေအတွက် တီထွင်ခဲ့တာဖြစ်ပြီး အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်မှာရှိတဲ့ လိတ်က်ဟာဗက်စူစီးတီးဆိုတဲ့မြို့က ပင်လမ်းကမ်းခြေ အထက်မှာ ပေ ၁၀၀၀ အမြင့်ကနေ ပျံသန်းပြခဲ့ပြီး ကြည့်ရှုသူတွေကို အံ့သြသွားစေခဲ့ပါတယ်။ ရုပ်သံထဲမှာ ရှပ်ပြေးယာဉ်ငယ် စတင်ပျံသန်းပြီး စွမ်းအား ပိုတိုးမြှင့်ကာ အထက်ကို ပျံသန်းပုံ အသေးစိတ်ကို တွေ့မြင်ရမှာပါ။ ဒီယာဉ်ငယ်က သီးခြားဖြစ်ပြီး အမှီအခိုကင်းတဲ့ တွန်းကန်မောင်းနှင်မှုစနစ် သုံးနိုင်မယ်လို့ ဈေးနှုန်း ပေါင် ၁၅၀၀ နဲ့ ၉၆၀၀ အတွင်း ကျသင့်တယ်လို့ ပထမဦးဆုံးပုံစံ ရှပ်ပြေးယာဉ်ငယ်ကို ၁၀ မိနစ်အကြာ မောင်းနှင်ပြခဲ့တဲ့ မစ္စတာဖရန်ကီဇာပတာက ပြောပါတယ်။ “ကျနော်တို့ရဲ့ တီထွင်မှုကို ဒီနေရာမှာပဲ ရပ်ထားမှာ မဟုတ်ဘူး၊ ကျနော်တို့ရဲ့ အိပ်မက်တွေကို ဘယ်တော့မှ မရပ်ဘူး။” သူက ဝါတားဂျက်ပက်ဆိုတဲ့ ရေယာဉ်တမျိုးစီးပြီး ၁ မိနစ်အတွင်း ၂၆ ကြိမ် နောက်ဂျွမ်းပစ်နိုင်ခဲ့လို့ ဂရင်းနစ်စံချိန်ဝင်ခဲ့သူတဦးဖြစ်တယ်လို့လည်း မေရာသတင်းရဲ့ မေလ ၂၆ ရက်နေ့မှာ ရေးထားပါတယ်။
4 years Ago
Up