တိုက်ပွဲဖြစ်ပွား

April 6, 2019

ဘူးသီးတောင်တွင် တပ်မတော်နှင့်အေအေအဖွဲ့ တိုက်ပွဲဖြစ်ပွား၊ ဒေသခံများ ထွက်ပြေး

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင်း မြန်မာတပ်မတော်နဲ့ အေအေတပ်ဖွဲ့ အကြား ဒီနေ့ မနက် ၉ နာရီကစပြီး တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဖုံညိုလိပ်ကျေးရွာတာဝန်ခံ ရှော်ဖိလ်က ပြောပါတယ်။ ဘူးသီး​တောင်​မြို့နယ်​ ဖုံညိုလိပ်​​ကျေးရွာနဲ့ သရက်​ပြင်​​ကျေးရွာအကြား ​တပ်​မ​တော်​နဲ့ ​အေ​အေတို့ တိုက်​ပွဲ ဖြစ်ပွားနေတာလို့ ဆိုပါတယ်။ "ဒီ​နေ့ နက်​ ၉ နာရီ​အချိန်​​လောက်​မှာ စဖြစ်​​နေကြတာပါ။ ဖုံညိုလိပ်​​ကျေးရွာ နဲ့ သရက်​ပြင်​ကြားမှာပါ။ လက်​နက်​ကြီး လက်​နက်​ငယ်​တွေ ဆူညံစွာနဲ့ တိုက်​ပွဲဖြစ်​​နေတာကြား​နေရပါတယ်။ ကျနော်​တို့ ဖုံညိုလိပ်​ ဘင်္ဂါလီရွာမှာက စစ်​​ဘေး ဒုက္ခသည်​ ၁၈၀၀ ​ကျော်​​ရောက်​ရှိ​နေပါတယ်။ ​ဒီလိုတိုက်​ပွဲ​တွေ ရွာအနီး ဆက်​ဖြစ်​လာ​တော ရွာသူ/သား​တွေရော စစ်​​ဘေးဒုက္ခသည်​တွေပါ အလွန်​စိုးရိမ်​​နေကြပါတယ်​။ အခုရွာထဲဘက်​ကို ၀င်​​ရောက် ​ပစ်​ခတ်​တာတွေေ​ကြာင့် ကျေးရွာသား​တွေ အသက်​လုပြီး ထွက်​​ပြေး​နေကြတယ်။” ဧပြီ ၅ ရက်​​နေ့ မနက်ပိုင်းကလည်း ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း  ၀ါးနက်ရုံ ကျေးရွာအနီးမှာ မြန်မာ့တပ်မတော်နဲ့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့ အေအေ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောကြားပါတယ်​။ “ဧပြီ ၅ ရက်​​နေ့မနက်ပိုင်း၊ ဘူးသီးတောင်မြို့နယ် မြောက်ဘက်မှာပေါ့နော် ဒီ ၀ါးနက်ရုံအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တာ ရှိတယ်။ တိုက်ပွဲကတော့ တော်တော်လေး ပြင်းပြင်းထန်ထန်နဲ့ ဖြစ်ခဲ့တယ်။ ရန်သူ့ဘက်ကနေပြီးတော့ ၁၀ ဦးထက် အထက် ကျဆုံးတာရှိတယ်။ ရန်သူဆီကနေပြီးတော့ RPG တလက် အပါဝင်ပေါ့နော် လက်နက် ၁၀ လက်သိမ်းဆီးရခဲ့တာ ရှိတယ်။ နောက် ၆၀ မမဗုံးသီးတွေ၊ နောက်အခြား စစ်အသုံးဆောင် ပစ္စည်းတွေ သိမ်းဆည်းရမိတာ ရှိတယ်။" အ​နောက်​ပိုင်းတိုင်းစစ်​ဌာနချုပ်​ ​​ပြော​ရေးဆိုခွင့်ရှိသူ ဗိုလ်​မှူးကြီး ၀င်း​ဇော်​ဦးက “မ​နေ့က ၀က်​နက်​ရုံမှာဖြစ်​တာ​တော့မှန်​ပါတယ်​။ လက်​နက်​​တွေ သိမ်းမိတာက​တော မဟုတ်​ပါဘူး။ ​အေ​အေက သက်​သက်​၀ာဒဖြန့်​တာပါ။ ထိ​တွေတိုက်​ပွဲတွေက​တော ​နေ့စဉ်​လိုလိုဖြစ်​​နေပါတယ်​၊ ဒီ​နေ့ သရက်​ပြင်​နဲ့ ဖုံညိုလိပ်​ကြားဖြစ်​တာ​တော့ မသိ​သေးပါဘူး” လို့ ​ပြောပါတယ်​။ ဆင်သေပြင်၊ ထိပ်တူးပေါက်၊ အာဘူ၊ တောင်ရွာ၊ သရက်ပြန်။ ဖုံညိုလိပ်၊ ရေချမ်းပြင်၊ ကျောက်ရံ၊ ကြာညိုပြင် စတဲ့ ဘဂါင်္လီ​ကျေးရွာတွေက လူဦးရေ  ၁၀၀၀၀ နီပါး စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။
3 years Ago

March 8, 2017

RCSS/SSA နှင့် တပ်မတော်အကြား သီပေါမြို့နယ်တွင် တိုက်ပွဲဖြစ်ပွား

ရှမ်းပြည်မြောက်ပိုင်း သီပေါမြိုနယ်ထဲမှာ အန်စီအေ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ (RCSS/SSA) နဲ့ တပ်မတော်အကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ရေးတင်းမာနေပါတယ်။ သီပေါမြိုနယ်အတွင်းက အုပ်မှုကျေးရွာအုပ်စုမှာ မနေ့မွန်းလွဲ ၂ နာရီကနေ ညနေ ၆ နာရီအထိ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ (RCSS/SSA) ပြောခွင့်ရသူ ဒုဗိုလ်မှူးကြီး စိုင်းငင်းက ပြောပါတယ်။ “စဖြစ်တာကတော့ စကခ ၁ လက်အောက်ခံ ခမရ ၅၀၂ ပေါ့။ နောက် ခလရ ၂၄၃ အဲဒီ တပ်ရင်း ၂ ရင်းပေါင်းပြီးတော့ ကျနော်တို့ရဲ့ တပ်စခန်းကို ပထမဦးဆုံး အဝေးကနေပြီး လက်နက်ကြီးတွေနဲ့ ထုတယ်။ ပြီးတော့ ၀င်ရောက်တိုက်ခိုက်တယ်။ ညနေပိုင်းအထိဖြစ်တယ်။ ဒါပေမယ့် ဒီမနက်တော့ ပစ်ခတ်တာတော့ မရှိတော့ဘူး။” RCSS အနေနဲ့ အန်စီအေ လက်မှတ်ထိုးထားတဲ့အပြင်  ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ထဲထဲဝင်ဝင်လုပ်ကိုင် ဆောင်ရွက်နေတဲ့အတွက် တပ်မတော်အနေနဲ့ အခုလို ထိုးစစ်ဆင်တာဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက်စေတဲ့အပြင် ယုံကြည်မှု ကျဆင်းစေတယ်လို့လည်း ဒုဗိုလ်မှူးကြီး စိုင်းငင်းက ပြောပါတယ်။ “ဒီကိစ္စ လုံးဝမဖြစ်သင့်ဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အခုပြောသလို  အစိုးရကနေပြီးတော့ ဒုတိယ ပင်လုံလည်း လုပ်တော့မယ်။ ဒီလိုအရေးကြီးတဲ့အချိန်အခါမှာ အခုလို မြောက်ပိုင်း ကိုးကန့်ဘက်ကလည်း တိုက်ပွဲအကြီးအကျယ်ဖြစ်နေတယ်။  အခုလည်း ကျနော်တို့ခွင်ထဲမှာ လည်းဖြစ်နေတယ်ဆိုတော့ ပြောရမယ်ဆိုရင် ပုံရိပ်က မကောင်းဘူးပေါ့ဗျာ။ လက်မှတ်မထိုးသေး တဲ့အဖွဲ့ကိုလည်း ထိုးဖို့ ညှိနှိုင်းနေတဲ့အချိန်မှာ  ထိုးပြီးသား ကျနော်တို့ အဖွဲ့ကို အခုလို ၀င်တိုက်တဲ့အတွက်  ယုံကြည်မှုကို ပျက်ပြားစေနိုင်တာပေါ့။ တခြားမထိုးသေးတဲ့ အဖွဲ့တွေလည်း သူတို့အတွက် စဉ်းစားစရာ အချက်တွေ၊ ထောက်ပြစရာ အကြောင်းအရာတွေ ဖြစ်နိုင်တာပေါ့ဗျာ။ ” ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းက  အစိုးရက   တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ)မှာ လက်မှတ်ထိုးဖို့ ဖိတ်ထားတဲ့ အဖွဲ့ ၁၅ ဖွဲ့ထဲက  ရှမ်းပြည်တပ်မတော်တောင်ပိုင်း RCSS/SSA အပါအ၀င် ၈ ဖွဲ့က ပါဝင် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
5 years Ago
Up