တိုက်ပွဲကြောင့် အသက်လုထွက်ပြေးလာကြသည့် ဒေသခံများ

January 13, 2019

တိုက်ပွဲကြောင့် အသက်လုထွက်ပြေးလာကြသည့် ဒေသခံများ (ရုပ်သံ)

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် သရက်ပြင်ကျေးရွာရဲ့ အရှေ့ဘက် အလယ်ချောင်း ရွာသစ်အနီးမှာ ဇန်​နဝါရီ ၁၃ ရက် မနက် ၇ နာရီခွဲက စတင်ပြီး အေအေ နဲ့ တပ်မတော် တို့ တိုက်ပွဲဖြစ်နေတဲ့အတွက် လူ ၂၀၀ ကျော် ထွက်ပြေးလာကြပါတယ်။ အလယ်ချောင်းရွာသစ်မှာနေထိုင်တဲ့ လူ ၂၀၀ ကျော် သရက်ပြင်ကျေးရွာကို ထွက်ပြေး လာကြ​တာဖြစ်ပြီး ဒီဗွီဘီက ရရှိတဲ့ ရုပ်သံထဲမှာတော့ လက်နက်ကြီးသံတွေ၊ ပစ်ခတ်သံတွေနဲ့ အတူ ဒေသခံ ကလေး၊ လူကြီးတွေ ထွက်ပြေးလာကြတာကို တွေ့မြင်ရပါတယ်။ "ရွာနဲ့နီးပါတယ်။ တိုက်​ပွဲက ကျနော်​တို့ အလယ်​​ချောင်း ခမီရွာပါ။ အခုရွာသား တ၀က်​​ လောက်​ထွက်​​ပြေးလာကြပါတယ်​။ ဘူးသီး​တောင် ​သရက်​ပြင်​​ကျေးရွာကိုပါ အခုဘုန်းကြီး​ကျောင်း မှာပါ သက်​ကြီးရွယ်​အို​တွေ၊ က​လေး​တွေ၊ က​လေးအ​မေ​တွေ ​ပြေးလာကြတာပါ။ အားလုံး လူဦး​ရေ ၂၀၀ ​ကျော်​ပါတယ်။ အခု​ပြေးလာကြတာ၊ တိုက်​ပွဲက အခုထိဖြစ်​တုန်းပါ။ လက်​နက်​ကြီး လက်​နက်​ငယ်​ ​ပေါင်းစုံနဲ့ ပစ်​​နေကြတာပါ။ ရွာသားအချို​တော့ ပုန်းခိုပြီး ကျန်​ခဲ့ပါတယ်​" လို့​ပြောပါတယ်​။ အလယ်ချောင်းရွာသစ်မှာ ခမီလူမျိုးတွေ နေထိုင်ကြပြီး အိမ်ခြေ ၄၁ ​လုံး​ရှိကြောင်း သိရပါတယ်။ ရခိုင်ပြည်အတွင်း တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်ပွားနေပြီး ထွက်ပြေးလာကြတဲ့ စစ်ဘေးရှောင် ၅၀၀၀ လောက်ရှိပြီလို့ သိရပါတယ်။ တိုက်ပွဲ ဖြစ်ပွားမှုအခြေနေနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ အေအေဘက်က သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။
2 years Ago
Up