တိုက်ပွဲများကြောင့် ဘူးသီး​တောင်​မြို့နယ်က ကျေးရွာ ၃ ရွာတွင် လူသူကင်းမဲ့နေ (ဓာတ်ပုံ)

A d v e r t i s e m e n t With Us

June 18, 2019

တိုက်ပွဲများကြောင့် ဘူးသီး​တောင်​မြို့နယ်က ကျေးရွာ ၃ ရွာတွင် လူသူကင်းမဲ့နေ (ဓာတ်ပုံ)

ရခိုင်ပြည်နယ်၊ ဘူးသီး​တောင်​မြို့နယ်​ စိုင်းဒင်ရေတံခွန်​အနီး ​တပ်​မ​တော်​နဲ့ ​အေ​အေတို့ မကြာခဏဆိုသလို တိုက်​ပွဲတွေ ဖြစ်​ပွား​နေတာကြောင့် ကျေးရွာ ၃ ရွာမှာ ဒေသခံတွေ မနေရဲကြတော့ဘဲ  ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရပါတယ်။ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတာအပြင် တပ်​မ​တော်​စစ်​​ကြောင်းတွေကလည်း ကျေးရွာတွေထဲ ၀င်ရောက်ရှာဖွေနေလို့ စိုင်းဒင်​​အနီး ဈေးရွာ၊ ပြင်​​ချောင်း မြိုမိ​ချောင်း စတဲ့ တိုင်းရင်းသား​ကျေးရွာတွေက ရွာသားတွေဟာ ရွာတွေမှာ လုံးဝ နေထိုင်​နိုင်​ခြင်းမရှိတော့ဘဲ ကြားညိုပြင်​ဒုက္ခသည်​စခန်း၊ ဒုံးသိမ်​ဒုက္ခသည်​စခန်းနဲ့ ဘူးသီး​တောင်​မြို့​ပေါ် ဒုက္ခသည်​ စခန်းတွေမှာ သွားရောက်​နေထိုင်​​နေကြရပါတယ်။ ဘူးသီး​တောင်​မြို့နယ်​ အမျိုးသားလွှ​တ်​​တော်​အမတ် ဦး​မောင်​​ကျော်​ဇံက "စိုင်းဒင်​ အနီး ​ဈေးရွာ၊ပြင်​​ချောင်း၊မြိုမိချောင်း သုံးရွာမှာ လူ​နေထိုင်​လို့ လုံးဝမရ​တော့ဘူး။ အိမ်​​တွေလည်း ဖြိုဖျက်​ခံရတယ်​။ရွာသူ/သား​တွေကို အစိုးရက​ ထောက်​ပံ့တဲ့ ရိက္ခာ​တွေ လာထုတ်​ယူတာကို​တောင်​ ဖမ်းဆီးစစ်​​ဆေးတယ်​။ ဒီလိုအ​ခြေအ​နေ​ကြောင့် သုံးရွာလုံး လူ​နေထိုင်​ခြင်း လုံးဝမရှိ​တော့ပါဘူး" လို့ ပြောပါတယ်။ ပြင်​​ချောင်း​ကျေးရွာမှ ဦးဖိုးသာက "ကျနော်​တို့ရွာကို လုံးဝသွားလို့မရတာ အခုဆို တလနီးပါး ရှိပါပြီ။ ​နေအိမ်​​တွေကိုလည်း တပ်​မ​တော်​စစ်​​ကြောင်း​တွေက ၀င်​​ရောက်​ရှာ​ဖွေတယ်"​ လို့ ပြောပါတယ်။ ပြင်​​ချောင်း​ကျေးရွာမှာ မူလွန်​​ကျောင်းတကျောင်းရှိပြီး ​ဈေးရွာ နဲ့ မြိုမ ​ချောင်း​ကျေးရွာတွေက ​ကျောင်းသူ/သားတွေ လာ​ရောက်​​ကျောင်းတက်​​ကြ​ပြီး လက်ရှိမှာတော့ လူမနေထိုင်တော့တဲ့ အတွက် စာသင်​​ကျောင်း ပိတ်ထားရပါတယ်။ တပ်မတော်သတင်းမှန်​ပြန်​ကြား​ရေး တာဝန်​ခံ ဗိုလ်​မှူးချုပ် ဇော်​လင်းထွန်းက “လူ​တွေ မ​နေထိုင်​နိုင်​ဖြစ်​တာက နှစ်​ဖက်​တိုက်​ပွဲ​တွေ​ကြောင့်လို့ သုံးသပ်​ရမယ်​။ ဘာဖြစ်လို့လဲဆို​တော့ ကျနော်တို့ တိုင်းရင်းသား​ ကျေးရွာ​တွေ​ နေထိုင်​တာကိုပဲ လိုချင်​တယ်​၊ မဟုတ်​ရင် လူမျိုးခြား​တွေ ၀င်​​နေထိုင်​သွားနိုင်​တယ်​၊ လူမ​နေထိုင်​​အောင်​ လုပ်​​နေတယ်​လို့​ပြောတဲ့ ရွာသားဆိုတာလည်း သူပုန်​ပဲ ဖြစ်​လိမ့်မယ်​။ အဲ့ဒီရွာ​တွေနဲ့ သူပုန်​​တွေနဲ့က တ​သားတည်းဖြစ်​​နေတာ​တွေရှိတယ်​" လို့​ ပြောပါတယ်​။ ဈေးရွာမှာ အိမ်ခြေ ၁၇ အိမ်၊ လူဦးရေ ၆၃ ဦး ​နေထိုင်​ပြီး ဘူးသီးတောင်နဲ့ မိုင် ၂၀ ကျော်ဝေးကွာတဲ့ ရွာ​လေးတ​ရွာဖြစ်ပါတယ်။ မြို့မ​ချောင်း​ကျေးရွာမှာ အိမ်​​ခြေ ၁၇ အိမ်​၊ လူဦး​ရေ ၈၄ ဦးရှိပြီး ပြင်​​ချောင်းမှာ အိမ်​ခြေ ၄၃ အိမ်၊ လူဦးရေ​ ၂၀၀ ​ကျော်​ရှိ​တယ်လို့ သိရပါတယ်​။ ဒါ့အပြင် ဈေးရွာမှာ ၂၀၁၈ ဒီဇင်​ဘာလကတည်းက စစ်​​ဘေးခိုလှုံနေကြ​တဲ့ ပုဏ္ဏားကျွန်းမြို့နယ် မီးကျောင်းခုတ်ကျေးရွာနဲ့ အဝပြန်ကျေးရွာမှ စစ်ဘေးဒုက္ခသည်မိသားစု ၃၁ စု၊ လူဦးရေ ၁၃၄ ဦးဟာလည်း ဒုံသိမ်​စစ်​​ရှောင်​စခန်းကို ​ပြောင်း​ရွှေ့ ​နေထိုင်​​နေကြ​ရပါတယ်။ ​ကျော်​လင်းဦး
2 years Ago
Up