တိုက်တွန်း

January 20, 2018

အဂတိလိုက်စားမှုကို ၀ိုင်းဝန်းတိုက်ဖျက်ကြရန် ပုပ်ရဟန်းမင်းကြီး တိုက်တွန်း

ပီရူးနိုင်ငံကို အလည်အပတ် ရောက်နေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က အဂတိလိုက်စားမှုကို ၀ိုင်းဝန်း တိုက်ဖျက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ အဂတိလိုက်စားမှုဟာ အားလုံးဆီကို ကူးစက်နိုင်တဲ့ လူမှုရေး ဗိုင်းရပ်စ်ပိုးပဲလို့လည်း ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။ လာဘ်စားမှုနဲ့ လူ့အခွင့်အရေး အလွဲသုံးစားမှုတွေအတွက် ထောင်ချခံထားရတဲ့ အာဏာရှင်ခေါင်းဆောင်ဟောင်းကို ပီရူး သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်ပေးအပြီး တလအကြာမှာ ခုလို တိုက်တွန်း ဆော်သြလိုက်တာပါ။ အဂတိလိုက်စားမှုကို ကိုင်တွယ်ဖြေရှင်းဖို့ ပြည်သူ့ကဏ္ဍ၊ ပုဂ္ဂလိက ကဏ္ဍနဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းသာမက ခရစ်ယာန် ဘုရားကျောင်း လူ့အဖွဲ့အစည်းပါ မကျန် နေရာတိုင်းမှာ ပွင့်လင်းမြင်သာမှု ပိုရှိတဲ့ ယဉ်ကျေးမှုတရပ် တည်ဆောက်ဖို့ လိုတယ်လို့ ပုပ်ရဟန်း မင်းကြီးက ပြောပါတယ်။ လက်တင် အမေရိကရဲ့ ပထမဆုံး ပုပ်ရဟန်းမင်းကြီး ဖြစ်တဲ့ ဖရန်စစ်ဟာ အရင် ခရီးစဉ်တွေတုန်းကလည်း အဂတိလိုက်စားမှုကို ပြစ်တင်ရှုတ်ချဖူးပါတယ်။ ဒါပေမယ့် ကျော်မကောင်း ကြားမကောင်းမှုတွေနဲ့ ငြိစွန်းနေတဲ့ ပီရူးသမ္မတနဲ့ အတူထိုင်ရင်း ပြောဆိုခဲ့တာပါ။ ဘရာဇီး၊ အာဂျင်တီးနားနဲ့ မက်ဆီကို စတဲ့ လက်တင်အမေရိကနိုင်ငံတွေဟာ ဒေါ်လာ ဘီလျံချီတဲ့ အဂတိလိုက်စားမှုတွေနဲ့ ကျော်မကောင်း ကြားမကောင်း ဖြစ်မှုတွေ ပွန်းတီး အမြစ်တွယ်နေတာပါ။ သမ္မတကတော့ ပုပ်ရဟန်းမင်းကြီးရဲ့ စကားကို ကြိုဆိုခဲ့ပါတယ်။ ပီရူးနိုင်ငံဟာ လွန်ခဲ့တဲ့ နှစ် ၃၀ ကတည်းက ဒဏ်ရာတွေကို ကုသနေဆဲဖြစ်ပြီး ပုပ်ရဟန်းမင်းကြီးရဲ့ ခရီးစဉ်ဟာ နိုင်ငံတွင်း ငြိမ်းချမ်းရေးနဲ့ ဆွေးနွေးညှိနှိုင်း အဖြေရှာမှုအတွက် တွန်းအား ပေးခဲ့တယ်လို့ သူက ပြောခဲ့ပါတယ်။
3 years Ago

January 13, 2018

တရုတ်တွင် တုပ်ကွေးရောဂါ ကုသမှုနှင့်စောင့်ကြည့်လေ့လာရေး တိုးလုပ်ရန် တိုက်တွန်း

တရုတ်နိုင်ငံအတွင်း လက်တလောဖြစ်ပွားနေတဲ့ တုပ်ကွေးရောဂါကို ကုသမှု၊ စောင့်ကြည့်လေ့လာမှုတွေ တိုးလုပ်ဖို့ တရုတ်တာဝန်ရှိသူတွေက တိုက်တွန်းလိုက်ပါတယ်။ တရုတ်အမျိုးသား ကျန်းမာရေးနဲ့ မိသားစုစီမံကိန်း ကော်မရှင်က ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ပိုးသတ်ဆေးတွေကို လူတိုင်းအလှမ်းမီနိုင်အောင် ပြင်ဆင်ဖို့၊ အသက်ရှူကိရိယာလို ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေကို ခွဲဝေဖို့နဲ့ ဆိုးရွားတဲ့လူနာတွေကို အချိန်နဲ့တပြေးညီ ကုသနိုင်ရေး စောင့်ကြည့်ဖို့ တိုက်တွန်းလိုက်တာပါ။ ဗိုင်းရပ်စ်ပိုး သန္ဓေပြောင်းမှု ရှိ၊ မရှိကို စောင့်ကြည့်ဖို့နဲ့ စာသင်ကျောင်းတွေမှာ ကျောင်းသားတွေကို နေ့စဉ်ကျန်းမာရေး စစ်ဆေးတာ လုပ်ဖို့လည်း ညွှန်ကြားပါတယ်။ ကလေးတွေ၊ သက်ကြီးပိုင်းတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ နာတာရှည်ရောဂါ ခံစားနေရသူတွေဟာ ကာကွယ်ဆေး လိုအပ်သူတွေလို့ တရုတ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးဌာနက ပြောပါတယ်။ အခုသီတင်းပတ်တွေအတွင်း တရုတ်နိုင်ငံအတွင်း  တုပ်ကွေးဖြစ်မှု မြင့်တက်လာတာပါ။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ နောက်ဆုံးပတ်မတိုင်ခင်မှာ  တုပ်ကွေး ကူးစက်မှု ၇၇၃၀ မှု ရှိရာကနေ နောက်ဆုံးတစ်ပတ်မှာ ကူးစက်မှု ၁၁၂၅၃ မှုအထိ မြင့်တက်ခဲ့တယ်လို့ တရုတ်အမျိုးသား တုပ်ကွေးဆိုင်ရာဌာနက ပြောပါတယ်။
3 years Ago
More News
Up