တိုက်စစ်မှူး ရော်နယ်ဒို ရီးရဲလ်မက်ဒရစ်နှင့် စာချုပ်သက်တမ်းတိုးရန် ဆွေးနွေး

A d v e r t i s e m e n t With Us

November 7, 2016

တိုက်စစ်မှူး ရော်နယ်ဒို ရီးရဲလ်မက်ဒရစ်နှင့် စာချုပ်သက်တမ်းတိုးရန် ဆွေးနွေး

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုဟာ ၂၀၂၁ ခုနှစ်အထိ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးနေပါတယ်။ အသက် ၃၁ နှစ်ရှိ စီရော်နယ်ဒိုဟာ ၂၀၁၈ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိသေးပေမယ့် နောက်ထပ် ၃ နှစ် ထပ်တိုးမှာဖြစ်ပြီး တပတ်လုပ်ခအဖြစ် ပေါင် ၃ သိန်း ၅  သောင်း ၆ ထောင် ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။ စာချုပ်သက်တမ်းတိုးဖြစ်ရင် စီရော်နယ်ဒိုအနေနဲ့ သူ့အသက် ၃၆ နှစ်အထိ ရီးရဲလ်အသင်းမှာ ရှိနေမှာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ တောင်ပံတိုက်စစ်မှူးတဦးဖြစ်တဲ့ ဂါရတ်ဘေးလ်ကိုလည်း ပြီးခဲ့တဲ့ရက်ပိုင်းကမှ နှစ်ရှည်စာချုပ် ချုပ်ဆိုထားပါတယ်။ ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုဟာ ၂၀၀၉ ခုနှစ်က မန်ယူကနေ ရီးရဲလ်အသင်းဆီ ပြောင်းရွှေ့လာတာဖြစ်ပြီး ရီးရဲလ်အသင်းအတွက်  ၃၇၁ ဂိုး သွင်းယူထားပါတယ်။
4 years Ago
Up