ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းက တိုက်စစ်မှူး စီရော်နယ်ဒိုကို ရောင်းဖို့ ဆန္ဒမရှိဘူးလို့ ပြောပါတယ်။
ရော်နယ်ဒိုဟာ ဖေဖော်ဝါရီ ၂၇ ရက်နေ့က အက်သလက်တီကို မက်ဒရစ်ကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးတဲ့ပွဲမှာ အသင်းဖော်တွေနဲ့ အဆင်မပြေမှုတွေ ဖြစ်ခဲ့ပါတယ်။
ဒါကြောင့် ရော်နယ်ဒို အသင်းကနေ ထွက်ခွာတော့မလားဆိုတဲ့ မှန်းဆချက်တွေလည်း ထွက်ပေါ်ခဲ့ပါတယ်။
နည်းပြ ဇီဒန်းကတော့ နည်းပြအနေနဲ့ သူ့ကို အလိုရှိပါတယ်လို့ ပြောပါတယ်။
တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ မတ် ၅ ရက်နေ့က ဆဲလ်တာဗစ်ဂိုကို ၇ ဂိုး ၁ ဂိုးနဲ့ နိုင်တဲ့ပွဲမှာတော့ ၄ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
ဒါကြောင့် သူဟာ ဒီနှစ်ရာသီထဲမှာ သွင်းဂိုး ၂၇ ဂိုးအထိ ရှိသွားပြီ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ မတ် ၈ ရက်ညမှာ ချန်ပီယံလိဂ် ရှုံးထွက် ဒုတိယအကျော့ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ရိုးမားအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
ပထမအကျော့မှာတုန်းက ရီးရဲလ်က ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရထားပါတယ်။
6 years Ago