တိုက်စစ်မှူး ပေရက်အတွက် မာဆေးမှ ပေါင် ၂၅ သန်းဖြင့် ကမ်းလှမ်းမှု ဝက်စ်ဟမ်း လက်ခံ

January 30, 2017

တိုက်စစ်မှူး ပေရက်အတွက် မာဆေးမှ ပေါင် ၂၅ သန်းဖြင့် ကမ်းလှမ်းမှု ဝက်စ်ဟမ်း လက်ခံ

တိုက်စစ်မှူး ဒီမီထရီ ပေရက်ကို ပြင်သစ်ကလပ် မာဆေးအသင်းက ပေါင် ၂၅ သန်းနဲ့ ကမ်းလှမ်းတာကို ဝက်စ်ဟမ်းအသင်းက လက်ခံလိုက်ပါတယ်။ ဒီသဘောတူညီချက်ကြောင့် တိုက်စစ်မှူး ပေရက်ဟာ အသင်းဟောင်း မာဆေးမှာ ပြန်လည်ကစားခွင့်ရတော့မှာ ဖြစ်ပါတယ်။ ဝက်စ်ဟမ်းနည်းပြ ဘီလစ်ကတော့ တိုက်စစ်မှူးဟာ အသင်းပြောင်းချင်တဲ့အတွက် ဒီလ အစောပိုင်းတုန်းက အသင်းအတွက် ကစားပေးဖို့ ငြင်းဆန်ခဲ့တယ်လို့ ပြောပါတယ်။ ပြင်သစ်တိုက်စစ်မှူး ပေရက်ဟာ မာဆေးအသင်းကနေ ၂၀၁၅ ခုနှစ်မှာ ဝက်စ်ဟမ်းကို ရောက်ရှိလာတာပါ။ သူဟာ ပထမရာသီမှာပဲ ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ၁၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ယူရို ၂၀၁၆ ပြိုင်ပွဲမှာလည်း ပြင်သစ်အသင်းကို ဗိုလ်လုပွဲအထိရောက်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။
4 years Ago
Up