တိုက်စစ်မှူး ပေရက်ကို ဝယ်ယူရန် မာဆေးကမ်းလှမ်းချက် ဝက်စ်ဟမ်း ပယ်ချ

January 17, 2017

တိုက်စစ်မှူး ပေရက်ကို ဝယ်ယူရန် မာဆေးကမ်းလှမ်းချက် ဝက်စ်ဟမ်း ပယ်ချ

ပြင်သစ်ကလပ် မာဆေးအသင်းက တိုက်စစ်မှူး ပေရက်ကို ဝယ်ယူဖို့ ဒုတိယအကြိမ် ကမ်းလှမ်းချက်ကို ဝက်စ်ဟမ်းအသင်းက ပယ်ချလိုက်ပါတယ်။ ပထမအကြိမ် ကမ်းလှမ်းတုန်းကဈေးထက် ပေါင် ၁ သန်း ပိုပေးပြီး ပေါင်သန်း ၂၀ လောက်နဲ့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဝက်စ်ဟမ်းအသင်းဥက္ကဋ္ဌက ရောင်းမှာမဟုတ်ဘူးဆိုပြီး ပြောဆိုထားပါတယ်။ ဝက်စ်ဟမ်းနည်းပြ ဘီလစ်ကတော့ တိုက်စစ်မှူး ပေရက်က အသင်းမှာ ဆက်မနေချင်ဘူးလို့ ပြောပါတယ်။ ပြင်သစ်လက်ရွေးစင် ပေရက်ဟာ အသင်းဟောင်းဖြစ်တဲ့ မာဆေးကို ပြောင်းချင်တဲ့အတွက်  ဝက်စ်ဟမ်းမှာ ကစားဖို့ ပြီးခဲ့တဲ့ရက်ပိုင်းက ငြင်းဆန်ထားပါတယ်။ လောလောဆယ်မှာတော့ သူဟာ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီ ဖြစ်ပါတယ်။ ပေရက်ဟာ မာဆေးအသင်းကနေ ပေါင် ၁၀ သန်း ဝန်းကျင်နဲ့ ၂၀၁၅ မှာ ဝက်စ်ဟမ်းကို ရောက်ရှိလာတာ ဖြစ်ပါတယ်။
5 years Ago
Up