တိုက်စစ်မှူး နေမာ

May 11, 2019

ပရိသတ်ကို ကိုယ်ထိလက်ရောက်ကျူးလွန်သည့် တိုက်စစ်မှူး နေမာ ၃ ပွဲ အပယ်ခံရ

ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး နေမာဟာ ရေးနန့်စ်အသင်း ပရိသတ်ကို ကိုယ်ထိလက်ရောက် ထိုးတဲ့အတွက် ၃ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံလိုက်ရပါတယ်။ အဲဒီဖြစ်ရပ်ဟာ  ပြီးခဲ့တဲ့ ပြင်သစ်ဖလား ဗိုလ်လုပွဲမှာ ပီအက်စ်ဂျီနဲ့ ရေးနန့်အသင်းတို့ ၂ ဂိုး စီ သရေကျလို့ ပင်နယ်တီ အဆုံးအဖြတ်မှာ ရေးနန့်က အနိုင်ရတဲ့ပွဲအပြီးမှာ ဖြစ်ပေါ်ခဲ့တာပါ။ ပွဲအပြီး ဆုယူဖို့ စင်ပေါ်ကိုတက်လာတုန်းမှာ ရေးနန့် ပရိတ်သတ်က နှုတ်ဆက်ဖို့ ကြိုးစားတုန်းမှာ တိုက်စစ်မှူး နေမာက ကိုယ်ထိလက်ရောက် လုပ်ခဲ့တာပါ။ အခုလို လုပ်ရပ်ကြောင့် နေမာဟာ ပီအက်စ်ဂျီအသင်းရဲ့ နောက်ဆုံး လက်ကျန် ၂ ပွဲဖြစ်တဲ့ ဒီဂျွန်၊ ရိမ်းအသင်းတို့နဲ့ ပွဲစဉ်တွေမှာ ပါဝင်ခွင့်ရမှာ မဟုတ်ပါဘူး။ ဒါ့အပြင် လာမယ့် ပြင်သစ်လီဂူးရာသီအသစ်အစ ပွဲစဉ်တပွဲမှာလည်း ကစားခွင့်ရမှာ မဟုတ်ပါဘူး။ ဘရာဇီး တိုက်စစ်မှူး နေမာဟာ ပြီးခဲ့တဲ့ချန်ပီယံလိဂ် ကွာတားပွဲစဉ်မှာ ဒိုင်တွေကို စော်ကားပြောဆိုတာကြောင့် ချန်ပီယံလိဂ် ၃ ပွဲ အပယ်ခံရထားသူလည်း ဖြစ်ပါတယ်။
2 years Ago
Up