တိုက်စစ်မှူး ကော်စတာကို ပေါင်သန်း ၉၀ ဖြင့် တရုတ်ကလပ် ကမ်းလှမ်းမှု ချဲလ်ဆီး ပယ်ချ

September 25, 2017

တိုက်စစ်မှူး ကော်စတာကို ခေါ်ယူရန် အဲဗာတန် ကြိုးပမ်းခဲ့သော်လည်း ပျက်ပြယ်ခဲ့

အဲဗာတန်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ ချဲလ်ဆီးတိုက်စစ်မှူး ဒီယေဂို ကော်စတာကို ပြောင်းရွှေ့ကြေး အမြောက်အမြားပေးပြီး ခေါ်ယူဖို့ ပြင်ဆင်ခဲ့ဖူးပေမယ့် ကော်စတာဟာ အသင်းဟောင်း အက်သလက်တီကို မက်ဒရစ်အသင်းကိုသာ ပြောင်းရွှေ့လိုခဲ့တာကြောင့် ပျက်ပြယ်ခဲ့ရတယ်လို့ သိရပါတယ်။ ကော်စတာကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၇၅ သန်းနဲ့ ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာဖြစ်တယ်လို့ မာကာသတင်းစာက ဖော်ပြပါတယ်။ အဲဗာတန်အသင်းဟာ တိုက်စစ်မှူး လူကာကူကို ပြောင်းရွှေ့ကြေး အမြောက်အမြားနဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ရောင်းချခဲ့ပြီးနောက် တိုက်စစ်မှူး အစားထိုးဖို့အတွက် ကစားသမားကောင်းတဦးဦးကို ပြောင်းရွှေ့ကြေး အများအပြားပေးပြီး ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာပဲဖြစ်ပါတယ်။ ဒီယေဂိုကော်စတာဟာ အက်သလက်တီကို အသင်းကနေ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပေမယ့် အသင်းနည်းပြ ကွန်တီနဲ့ ဆက်ဆံရေး အဆင်မပြေသလို အသင်းဟောင်း အက်သလက်တီကို အသင်းကိုပဲ ပြန်လည်ပြောင်းရွှေ့လိုနေတာပဲ ဖြစ်ပါတယ်။
4 years Ago

February 27, 2017

တိုက်စစ်မှူး ကော်စတာကို ပေါင်သန်း ၉၀ ဖြင့် တရုတ်ကလပ် ကမ်းလှမ်းမှု ချဲလ်ဆီး ပယ်ချ

တိုက်စစ်မှူး ဒီယေဂို ကော်စတာကို တရုတ်စူပါလိဂ်ကလပ် တီယန်ကျင် ကွမ်ကျင်အသင်းက ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၉၀ နဲ့ ကမ်းလှမ်းခဲ့တာကို ပယ်ချခဲ့တယ်လို့ ချဲလ်ဆီးအသင်းက ပြောပါတယ်။ တိုက်စစ်မှူး ကော်စတာကို ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ တရုတ်ကလပ်က ကမ်းလှမ်းခဲ့တာလို့လည်း ဗြိတိသျှမီဒီယာဖြစ်တဲ့ မေရာသတင်းမှာ ဖော်ပြထားပါတယ်။ တရုတ်ကလပ်အသင်းရဲ့ ပိုင်ရှင်ကလည်း တိုက်စစ်မှူး ကော်စတာကို ကမ်းလှမ်းခဲကြောင်း အတည်ပြုထားပါတယ်။ ချဲလ်ဆီးနည်းပြ ကွန်တီကတော့ အဲဒီအခြေအနေတွေကို မသိခဲ့ဘူးလို့ ပြောဆိုထားပါတယ်။ ဒါ့အပြင် ဒီနှစ်ရာသီအကုန်မှာ ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမယ်လို့လည်း ဆိုထားပါတယ်။ ချဲလ်ဆီးအသင်းဟာ လောလောဆယ် ၆၃ မှတ်နဲ့ အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်နေပါတယ်။
4 years Ago
Up