တိုက်စစ်မှူး ကော်စတာကို အက်သလက်တီကိုအသင်းထံ ရောင်းချရန် ချဲလ်ဆီး သဘောတူ

September 22, 2017

တိုက်စစ်မှူး ကော်စတာကို အက်သလက်တီကိုအသင်းထံ ရောင်းချရန် ချဲလ်ဆီး သဘောတူ

ချဲလ်ဆီးအသင်းက တိုက်စစ်မှူး ဒီယေဂို ကော်စတာကို အက်သလက်တီကို မက်ဒရစ်အသင်းထံ ရောင်းချဖို့ သဘောတူလိုက်ပါတယ်။ အပြောင်းအရွှေ့ဟာ လာမယ့် ဇန်နဝါရီဈေးကွက်မှာ အပြီးသတ်မှာဖြစ်ပြီး လောလောဆယ် သဘောတူညီချက် ရထားပါတယ်။ အသက် ၂၈ နှစ်အရွယ် တိုက်စစ်မှူးဟာ ချဲလ်ဆီးကို ပေါင် ၃၁ သန်းနဲ့ ၂၀၁၄ မှာ ရောက်ရှိခဲ့တာပါ။ နည်းပြ ကွန်တီရဲ့ အနာဂတ် အစီအမံထဲမှာ မပါတဲ့အတွက် တိုက်စစ်မှူး ကော်စတာက အသင်းဟောင်းကို ပြန်သွားခဲ့တာပါ။ ဒါ့အပြင် သူဟာ ဒီနှစ်ရာသီထဲမှာ ချဲလ်ဆီးအတွက် ပါဝင်ကစားပေးရခြင်း မရှိသေးပါဘူး။ စပိန်တိုက်စစ်မှူးဟာ ချဲလ်ဆီးအတွက် ကစားပေးထားတဲ့ ပွဲပေါင်း ၁၂၀ မှာ ၅၈ ဂိုး သွင်းယူထားပါတယ်။
4 years Ago
Up