တိုက်စစ်မှူး အီဘရာဟီမိုဗစ် မန်ယူတွင် ဆက်နေရန် အသင်းဖော်များ ဆန္ဒရှိ

August 25, 2017

တိုက်စစ်မှူး အီဘရာဟီမိုဗစ်ခ်ျကို မန်ယူ ပြန်လည်ခေါ်ယူ

မန်ချက်စတာယူနိုက်တက်အသင်းက ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်ခ်ျကို တနှစ်စာချုပ်နဲ့ ပြန်လည်လက်မှတ်ထိုး ခေါ်ယူလိုက်ပါတယ်။ အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးကို ပြီးခဲ့တဲ့ရာသီမှာ မန်ယူက အလွတ်ပြောင်းရွှေ့ကြေးနဲ့ တနှစ်ခေါ်ယူခဲ့ပြီး ပွဲပေါင်း ၄၆ ပွဲကစား၊ ၂၈ ဂိုး သွင်းယူပေးထားပါတယ်။ အီဘရာဟီမိုဗစ်ခ်ျဟာ ပြီးခဲ့တဲ့ ဧပြီလထဲမှာ ဒူးဒဏ်ရာရခဲ့တာကြောင့် မန်ယူအသင်းက သူ့အခြေအနေကို စောင့်ကြည့်ခဲ့ပါတယ်။ ဒဏ်ရာအခြေအနေ သက်သာ ပျောက်ကင်းလာတဲ့အတွက် မန်ယူက တိုက်စစ်မှူးကို ပြန်လည်ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။ တိုက်စစ်မှူး အီဘရာဟီမိုဗစ်ခ်ျရဲ့ အခြေအနေဟာ ပရီးမီးယားလိဂ် ရာသီတဝက်မှာ ပြန်ကစားနိုင်ဖို့ မျှော်လင့်ထားပါတယ်။ သူဟာ မန်ယူအသင်းကို လိဂ်ဖလားနဲ့ ယူရိုပါလိဂ် ချန်ပီယံဆုတွေ ရယူနိုင်အောင် ကူညီထားပါတယ်။
4 years Ago

August 1, 2017

တိုက်စစ်မှူး အီဘရာဟီမိုဗစ်ကို အေစီမီလန် ခေါ်ယူရန် စီစဉ်

အီတလီကလပ် အေစီမီလန်အသင်းဟာ အသင်းလက်မဲ့ဖြစ်နေတဲ့ တိုက်စစ်မှူး အီဘရာဟီမိုဗစ်ကို ခေါ်ယူဖို့ စီစဉ်နေပါတယ်။ ပြီးခဲ့တဲ့ရာသီက မန်ယူအသင်းမှာ ခြေစွမ်းပြခဲ့တဲ့ မိုဗစ်ဟာ လက်ရှိအချိန်မှာ ဒူးဒဏ်ရာကြောင့် အနားယူနေရပြီး မန်ယူအသင်းနဲ့လည်း စာချုပ်သက်တမ်း ကုန်ဆုံးခဲ့လို့ အသင်းလက်မဲ့ ဖြစ်နေတာပါ။ အသက် ၃၅ နှစ်ရှိ အီဘရာဟီမိုဗစ်ဟာ အေစီမီလန် ကစားသမားဟောင်းတဦးလည်းဖြစ်ပြီး ၂၀၁၀ ကနေ ၂၀၁၂ ခုနှစ်အထိ နှစ်ရာသီကြာ ကစားခဲ့ဖူးပါတယ်။ မန်ယူအသင်းကလည်း မိုဗစ်ကိုပြန်ခေါ်ဖို့ ဆန္ဒရှိပေမယ့် သူ့ရဲ့ ဒူးဒဏ်ရာအခြေအနေကို စောင့်ကြည့်နေပြီး ကြံ့ခိုင်းမှုကောင်းမှ ခေါ်ယူဖို့ ပြင်ဆင်ထားတာပါ။ အီဘရာဟီမိုဗစ်ဟာ ပြီးခဲ့တဲ့ရာသီက မန်ယူအသင်းမှာ ပြိုင်ပွဲစုံ ၄၆ ပွဲအထိကစားခဲ့ပြီး ၂၈ ဂိုး သွင်းယူခဲ့ပါတယ်။
4 years Ago
Up