တိုက်စစ်မှူး အဒီဘာယောကို ခရစ္စတယ်ပဲလေ့စ် ခေါ်

January 27, 2016

တိုက်စစ်မှူး အဒီဘာယောကို ခရစ္စတယ်ပဲလေ့စ် ခေါ်

ပရီးမီးယားလိဂ်ကလပ် ခရစ္စတယ်ပဲလေ့စ်အသင်းက တိုက်စစ်မှူး အဒီဘာယောကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုက်ပါတယ်။ အသက် ၃၁ နှစ်အရွယ် အဒီဘာယောဟာ တော့တင်ဟမ် ဟော့စပါးအသင်းနဲ့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလထဲမှာ လမ်းခွဲပြီးနောက်ပိုင်း အသင်းလက်မဲ့ ဖြစ်နေတာပါ။ ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကတည်းက ခရစ္စတယ်ပဲလေ့စ်နည်းပြ အလန်ပါဂျူးက အဒီဘာယောကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ပြောဆိုထားပါတယ်။ သူဟာ စပါး၊ အာဆင်နယ်နဲ့ မန်စီးတီးတို့မှာ ကျင်လည်ခဲ့ပြီး ဂိုးပေါင်း ၉၄ ဂိုး သွင်းပေးထားပါတယ်။ ပဲလေ့စ်အသင်းဟာ ပရီးမီးယားလိဂ် ၂၃ ပွဲ ကစားထားရာမှာ ၂၄ ဂိုးပဲ သွင်းနိုင်သေးလို့ တတိယ သွင်းဂိုးအနည်းဆုံး အသင်းအဖြစ် သတ်မှတ်ခံထားရပါတယ်။ ဒါ့ကြောင့်လည်း ပဲလေ့စ်က တိုဂိုတိုက်စစ်မှူး အဒီဘာယောကို ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။
7 years Ago
Up