တိုက်စစ်မှူး ဟယ်ရီကိန်း ရှိနေ၍ မိုရာတာ စပါးသို့ပြောင်းရန် ငြင်းဆန်ခဲ့

August 3, 2017

တိုက်စစ်မှူး ဟယ်ရီကိန်း ရှိနေ၍ မိုရာတာ စပါးသို့ပြောင်းရန် ငြင်းဆန်ခဲ့

ချဲလ်ဆီးအသင်းဆီ ပြောင်းရွှေ့သွားတဲ့ မိုရာတာကို ကမ်းလှမ်းခဲ့ပေမယ့် ဟယ်ရီကိန်း ရှိနေတာကြောင့် မိုရာတာက ငြင်းဆန်ခဲ့တယ်လို့ စပါးနည်းပြ ပိုချက်တီနိုက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ တိုက်စစ်မှူး မိုရာတာကို ချဲလ်ဆီးအသင်းဆီ မပြောင်းရွှေ့မီက ပိုချက်တီနိုကိုယ်တိုင် ခေါ်ယူဖို့ ဆွေးနွေးခဲ့တာပါ။ စပါးအသင်းမှာ ဟယ်ရီကိန်းလို တိုက်စစ်မှူးတဦး ရှိနေတာကြောင့် တိုက်စစ်မှူးတဦး ခေါ်ယူဖို့ ကမ်းလှမ်းမယ်ဆိုရင် အရန်ခုံထိုင်ရမှာ စိုးရိမ်တာကြောင့် စပါးအသင်းဆီ ပြောင်းရွှေ့လာဖို့ ခက်ခဲတယ်လို့ ပိုချက်တီနိုက ပြောပါတယ်။ စပါးအသင်းမှာ ကစားသမားကောင်းတွေ ရှိနေတာကြောင့် အပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမားသစ်ခေါ်ယူရေး အဆင်မပြေ ဖြစ်နေတယ်လို့ ပိုချက်တီနိုက ဆက်ပြောပါတယ်။ စပါးအသင်းဟာ ဒီနှစ် အပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမားတဦးမှ ဝယ်ယူထားခြင်း မရှိသေးပါဘူး။ အဲဗာတန်ကွင်းလယ်ကစားသမား ဘာကလေကို ခေါ်ယူလိုပေမယ့် လစာမြင့်မားစွာ ပေးချေရမှာဖြစ်လို့ အခက်အခဲ ဖြစ်နေပါတယ်။
4 years Ago
Up