တိုက်စစ်မှူး လူကာကူကို မန်ယူက ပေါင် ၇၅ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှုရ

July 7, 2017

တိုက်စစ်မှူး လူကာကူကို မန်ယူက ပေါင် ၇၅ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှုရ

မန်ချက်စတာယူနိုက်တက်အသင်းက အဲဗာတန်တိုက်စစ်မှူး လူကာကူကို ပေါင် ၇၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီချက် ရသွားပြီလို့ ဗြိတိသျှမီဒီယာတွေမှာ ရေးသားနေပါတယ်။ အသက် ၂၄ နှစ်အရွယ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီက အဲဗာတန်အတွက် ၂၅ ဂိုး သွင်းယူထားပါတယ်။ ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူဟာ ပြီးခဲ့တဲ့ မတ်လကတည်းက အဲဗာတန်နဲ့ စာချုပ်သစ်ချုပ်ဖို့ ငြင်းဆိုထားပြီး သူ့ကို အသင်းဟောင်း ချဲလ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်တို့က ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ တိုက်စစ်မှူး လူကာကူကတော့ ချဲလ်ဆီးမှာတုန်းက ဆရာဖြစ်ခဲ့သူ နည်းပြ မော်ရင်ဟိုနဲ့ ပြန်လည်ပေါင်းစည်းဖို့အတွက် ဆုံးဖြတ်ထားတယ်လို့ ပြောဆိုကြောင်း သတင်းတွေမှာ ရေးသားထားပါတယ်။ တိုက်စစ်မှူး လူကာကူရဲ့ အဲဗာတန်အသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ရာသီမှာ အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။
5 years Ago
Up