တိုက်စစ်မှူး ရွန်နီ လက်ရွေးစင် ကစားသမားဘဝမှ အနားယူ

August 25, 2017

တိုက်စစ်မှူး ရွန်နီ လက်ရွေးစင် ကစားသမားဘဝမှ အနားယူ

အင်္ဂလန်အသင်းခေါင်းဆောင် ရွန်နီဟာ လက်ရွေးစင် ကစားသမားဘဝကနေ အနားယူလိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ အသက် ၃၁ နှစ်အရွယ် တိုက်စစ်မှူး ရွန်နီဟာ အင်္ဂလန်အသင်းမှာ ၁၄ နှစ်ကြာ ကစားခဲ့ပြီး ဂိုးပေါင်း ၅၃ ဂိုး သွင်းယူထားပါတယ်။ ဒါ့အပြင် သူဟာ အင်္ဂလန်အတွက် ပွဲပေါင်း ၁၁၉ ပွဲ ကစားပေးထားပါတယ်။ ရွန်နီဟာ အသက် ၁၇ နှစ်အရွယ် ၂၀၀၃ ခုနှစ်က သြစတြေးလျအသင်းနဲ့ ကစားတဲ့ အင်္ဂလန်အသင်းမှာ ပွဲဦးထွက် ပါဝင်ကစားပေးခဲ့ပါတယ်။ အဲဗာတန်အသင်း တိုက်စစ်မှူး ရွန်နီကတော့ ဒါဟာ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး မိသားစု၊ အသင်းမန်နေဂျာနဲ့ပါ ဆွေးနွေးပြီးပါပြီလို့ ပြောပါတယ်။ ရွန်နီရဲ့ အခုကြေညာချက်ဟာ အင်္ဂလန်အသင်း နောက်လထဲမှာ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေအဖြစ် မော်တာ၊ စလိုဗက်ကီးယားအသင်းတို့နဲ့ ပွဲစဉ်တွေမတိုင်မီ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
4 years Ago
Up