မန်ချက်စတာယူနိုက်တက်အသင်းဟာ လူငယ်တိုက်စစ်မှူး မားကတ်စ်ရက်ရှ်ဖို့ဒ်ကို ၂၀၂၃ခုနှစ်အထိ စာချုပ်သက်တမ်းတိုးလိုက်ပါတယ်။
တပတ်ကို လုပ်ခလစာ စတာလင် ပေါင် ၂သိန်းအထိပေးပြီး သက်တမ်းတိုးလိုက်တာပါ။ အသက် ၂၁ နှစ်အရွယ် အင်္ဂလန် တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို စပိန်ကလပ် ဘာစီလိုနာကလည်း ခေါ်ယူဖို့ စိတ်ဝင်းစားနေတာပါ။
မန်ယူနည်းပြ ဆိုရှားလ်ကတော့ ရက်ရှ်ဖို့ဒ်ဟာ ထူးချွန်တဲ့ ကစားသမားတယောက်ဖြစ်ပြီး သူ့မျိုးဆက် အင်္ဂလိပ်ကစားသမား တွေထဲမှာ ပါရမီအရှိဆုံးသူ တယောက်ဖြစ်တယ်လို့ ပြောပါတယ်။
မန်ယူအသင်းရဲ့ ငယ်မွေးခြံ ပေါက်ဖြစ်တဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ အသင်းအတွက် ပွဲပေါင်း ၁၇၀ ကစားပေးထားပြီး လက်ရွေးစင်အသင်းအတွက်တော့ ၃၂ ပွဲ ကစားပေးထားပါတယ်။
2 years Ago