တိုက်စစ်မှူး မာနေး

April 9, 2017

တိုက်စစ်မှူး မာနေး ဒဏ်ရာကြောင့် ရာသီကုန်ထိ နားပြီ

လီဗာပူး တိုက်စစ်မှူး မာနေးဟာ ဒဏ်ရာကြောင့် လက်ကျန် ရာသီပွဲစဉ်တွေ အားလုံးကို လွဲချော်သွားပြီ ဖြစ်ပါတယ်။ တိုက်စစ်မှူး မာနေးဟာ ဒူးဒဏ်ရာကို ပြီးခဲ့တဲ့တပတ် စနေနေ့က အဲဗာတန်ကို အနိုင်ရတဲ့ပွဲစဉ်မှာ ဒဏ်ရာရခဲ့တာပါ။ ဒဏ်ရာကြောင့် အသက် ၂၄ နှစ်အရွယ် ဆီနီဂေါ တိုက်စစ်မှူးဟာ မနေ့ညက စတုတ်နဲ့ပွဲ အပါအ၀င်  လီဗာပူးရဲ့ လက်ကျန် ပရီးမီးယားလိဂ် ပွဲစဉ် ၇ ပွဲစလုံးကို လွဲချော်တာ ဖြစ်ပါတယ်။ လီဗာပူး နည်းပြ ဂျာကန် ကလော့ကတော့ မာနေးရဲ့ ဒဏ်ရာက ခွဲစိတ်ကုသဖို့ လိုတယ်လို့ ပြောပါတယ်။ လီဗာပူးက မာနေးကို ပေါင် ၃၄ သန်းနဲ့ ဆောက်သမ်ပတန်ကနေ ခေါ်ယူထားတာပါ။
4 years Ago
Up