တိုက်စစ်မှူး ပိုဒေါစကီး လက်ရွေးစင် ကစားသမားဘ၀မှ အနားယူ

A d v e r t i s e m e n t With Us

August 16, 2016

ဂျာမနီတိုက်စစ်မှူး ပိုဒေါစကီး လက်ရွေးစင် ကစားသမားဘ၀မှ အနားယူ

ဂျာမနီလက်ရွေးစင် ဘောလုံးအသင်း တိုက်စစ်မှူး လူးကပ်စ် ပိုဒေါစကီးဟာ လက်ရွေးစင်အသင်း ကစားသမား ဘ၀ကနေ အနားယူသွားပါတယ်။ အသက် ၃၁ နှစ်အရွယ် တိုက်စစ်မှူးဟာ ဂျာမနီအသင်းကို ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်အောင် ကူညီထားပါတယ်။ သူဟာ ဂျာမန်လက်ရွေးစင်အသင်းအတွက် ၁၂၉ ပွဲမှာ ၄၈ ဂိုး သွင်းပေးထားပါတယ်။ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ ဆလိုဗက်ကီးယားအသင်းကို ၃ ဂိုးပြတ်နဲ့ နိုင်တဲ့ပွဲမှာ ပိုဒေါစကီးက သူ့ရဲ့ ဂျာမန်အသင်းအတွက် နောက်ဆုံးဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ပိုဒေါစကီးဟာ ဘိုင်ယန်မြူးနစ်၊ အာဆင်နယ်တို့မှာ ကစားခဲ့ဖူးပြီး လောလောဆယ် တူရကီကလပ် ဂါလာတာစာရေးမှာ ကစားနေပါတယ်။
5 years Ago
Up