တိုက်စစ်မှူး ပါတို ပွဲထွက်ကစားခွင့်ရရန် ပြိုင်ဆိုင်နေရဟု ချဲလ်ဆီးနည်းပြ ပြော

A d v e r t i s e m e n t With Us

March 1, 2016

တိုက်စစ်မှူး ပါတို ပွဲထွက်ကစားခွင့်ရရန် ပြိုင်ဆိုင်နေရဟု ချဲလ်ဆီးနည်းပြ ပြော

အသစ်ခေါ်ယူထားတဲ့ တိုက်စစ်မှူး ပါတိုအနေနဲ့ ချဲလ်ဆီးမှာ ပွဲဦးထွက် ကစားခွင့်ရဖို့ နီးစပ်နေပြီလို့ နည်းပြ ဟစ်ဒင့်က ပြောပါတယ်။ ဒါပေမယ့်လည်း လက်ရှိ တိုက်စစ်မှူးတွေကြားထဲမှာ ပါတိုအနေနဲ့ ကစားခွင့်ရဖို့အတွက် ပြိုင်ဆိုင်နေရတယ်လို့လည်း ဆိုထားပါတယ်။ လက်ရှိမှာ ဒီယေဂို ကော်စတာကို နံပါတ်တစ် ဦးစားပေးဖြစ် သတ်မှတ်ထားပါတယ်။ ချဲလ်ဆီးဟာ ဘရာဇီးတိုက်စစ်မှူး ပါတိုကို ကိုရင်သီယန်ကလပ်ကနေ ပြီးခဲ့တဲ့ ဇန်န၀ါရီထဲမှာ အငှားစားချုပ်နဲ့ ခေါ်ယူထားတာပါ။ အသက် ၂၆ နှစ်အရွယ် တိုက်စစ်မှူးဟာ လောလောဆယ် ကြံ့ခိုင်မှု အားနည်းနေသေးတယ်လို့ ဆိုထားပါတယ်။ ချဲလ်ဆီးဟာ နည်းပြသစ် ဟစ်ဒင့်လက်ထက်မှာ ရှုံးပွဲမရှိသေးသလို အမှတ်ပေးဇယားမှာလည်း အဆင့် ၁၁ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။
5 years Ago
Up