ဝတ်ဖို့ဒ်တိုက်စစ်မှူး ဒီနေးကို အင်္ဂလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်သင့်တယ်လို့ အသင်းနည်းပြ မက်ဇာရီက ပြောဆိုလိုက်ပါတယ်။
အသက် ၂၈ နှစ်ရှိ ၀တ်ဖို့ဒ်အသင်းခေါင်းဆောင် ဒီနေးဟာ ၀က်စ်ဟမ်း၊ မန်ယူအသင်းတွေနဲ့ ပွဲတွေမှာ နှစ်ပွဲဆက် ဂိုးသွင်းပြီး ခြေစွမ်းပြနေတာကြောင့် အင်္ဂလန်အသင်းမှာ ရွေးချယ်ဖို့ ထိုက်တန်တယ်လို့ ၀တ်ဖို့ဒ်နည်းပြက ထောက်ခံ ပြောကြားလိုက်တာပါ။
အင်္ဂလန်လက်ရွေးစင်အသင်းမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်း ဒဏ်ရာရနေတာကြောင့် တိုက်စစ်မှူးသစ်တဦး ရွေးချယ်ခံရဖွယ် ရှိနေတာပါ။
အင်္ဂလန်နည်းပြ ဆမ်အလာဒိုက်စ်ဟာ မော်လ်တာ၊ ဆလိုဗေးနီးယားအသင်းတို့နဲ့ ယှဉ်ပြိုင်ကစားမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအတွက် အသင်းလူစာရင်းကို လာမယ့် ၁ ပတ်အတွင်း ထုတ်ပြန်ပေးမှာ ဖြစ်ပါတယ်။
4 years Ago