တိုက်စစ်မှူး ဒီဖိုးကို ရောင်းချမည်မဟုတ်ဟု ဆန်းဒါးလန်းနည်းပြ ပြော

December 26, 2016

တိုက်စစ်မှူး ဒီဖိုးကို ရောင်းချမည်မဟုတ်ဟု ဆန်းဒါးလန်းနည်းပြ ပြော

ဝက်စ်ဟမ်းအသင်းအနေနဲ့ တိုက်စစ်မှူး ဒီဖိုးကို ခေါ်ယူဖို့ မစဉ်းစားသင့်ကြောင်း ဆန်းဒါးလန်းနည်းပြ ဒေးဗစ်မိုယက်စ်က သတိပေး ပြောကြားလိုက်ပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ ဆန်းဒါးလန်းမှာ ခြေစွမ်းပြနေတဲ့ ဝါရင့်တိုက်စစ်မှူး ဒီဖိုးကို ပေါင် ၆ သန်းနဲ့ ခေါ်ယူလိုနေတာဖြစ်ပြီး ရောင်းချသွားမှာမဟုတ်ဘူးလို့ ဆန်းဒါးလန်းနည်းပြ ဒေးဗစ်မိုယက်စ်က ပြောကြားလိုက်တာပါ။ ဒီဖိုးဟာ ၂၀၁၆ ခုနှစ်အတွင်းမှာ ဆန်းဒါးလန်းအသင်းအတွက် ၁၉ ဂိုးအထိ သွင်းယူထားတာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ဆန်းဒါးလန်းအသင်းကို တန်းဆင်းဇုန်ကနေ လွတ်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့တာပါ။ အသက် ၃၄ နှစ်ရှိ ဒီဖိုးဟာ ဆန်းဒါးလန်းအသင်းရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ တိုက်စစ်မှူးဖြစ်ပြီး သူ့ရဲ့ သွင်းဂိုးတွေက အသင်းအတွက် အရေးပါခဲ့တယ်လို့လည်း မိုယက်စ်က ချီးကျူးပြောကြားခဲ့ပါတယ်။
5 years Ago
Up