တိုက်စစ်မှူး ဆာလက်ခ်ျ အမြန်ဆုံးဂိုးသွင်းနိုင်သည့် လီဗာပူးကစားသမားဖြစ်လာ

February 5, 2018

တိုက်စစ်မှူး ဆာလက်ခ်ျ အမြန်ဆုံးဂိုးသွင်းနိုင်သည့် လီဗာပူးကစားသမားဖြစ်လာ

လီဗာပူးတိုက်စစ်ကစားသမား ဆာလက်ခ်ျဟာ စပါးနဲ့ပွဲမှာ ၂ ဂိုးသွင်းယူပြီးနောက် ပရီးမီးယားလိဂ် ဂိုး ၂၀ ကို အမြန်ဆုံးသွင်းနိုင်တဲ့ လီဗာပူးကစားသမား ဖြစ်လာပါတယ်။ တောင်ပံတိုက်စစ်မှူး ဆာလက်ခ်ျဟာ စပါးအသင်းနဲ့ ပွဲအစ ၃ မိနစ်မှာပဲ ပရီးမီးယားလိဂ် ဂိုး ၂၀ ပြည့်သွင်းဂိုး ရခဲ့တာဖြစ်ပြီး ပွဲပြီးခါနီးမှာ တဂိုးထပ်သွင်းခဲ့လို့ ပရီးမီးယားလိဂ်သွင်းဂိုး ၂၁ ဂိုးအထိ ရှိလာပါတယ်။ ဆာလက်ခ်ျအနေနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၅ ပွဲမှာပဲ ၂၁ ဂိုးအထိ သွင်းနိုင်ခဲ့တာဖြစ်ပြီး ၂၇ ပွဲမှာ ဂိုး ၂၀ သွင်းခဲ့တဲ့ ဖာနန်ဒိုတောရက်စ်နဲ့ စတာရစ်ခ်တို့ရဲ့ စံချိန်တွေကို ကျော်ဖြတ်နိုင်ခဲ့တာပါ။ ပရီးမီးယားလိဂ်သမိုင်းမှာတော့ ဆန်းဒါးလန်းတိုက်စစ်မှူးဟောင်း ကီဗင်ဖိလစ်နဲ့ နယူးကာဆယ် တိုက်စစ်မှူးဟောင်း အန်ဒီကိုးလ်တို့က ပွဲစဉ် ၂၅ ပွဲ ကစားအပြီးမှာ ၂၄ ဂိုးနဲ့ ၂၂ ဂိုး အသီးသီးသွင်းယူပြီး မှတ်တမ်းတင်ထားပါတယ်။ ဒီနှစ်ဘောလုံးရာသီအစကမှ ရိုးမားအသင်းကနေ ခေါ်ယူလိုက်တဲ့ ဆာလက်ခ်ျဟာ ပြိုင်ပွဲစုံ စုစုပေါင်း ၃၄ ပွဲမှာ ၂၈ ဂိုး သွင်းယူထားပါတယ်။
4 years Ago
Up