မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်က မစ်ဒယ်ဘရော့ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဒီပွဲနိုင်လိုက်လို့ အာဆင်နယ်နည်းပြနဲ့ အသင်းအတွက်ပါ ဖိအားတွေ သက်သာရာ ရသွားပါတယ်။
ဒီပွဲမှာ နှစ်သင်းစလုံး အပြန်အလှန် ထိုးဖောက်ကစားနိုင်ခဲ့လို့ အကြိတ်အနယ် ရှိခဲ့ပါတယ်။
အဝေးကွင်းမှာကစားတဲ့ ဒီပွဲမှာ အာဆင်နယ်အတွက် ဦးဆောင်ဂိုးကို ၄၁ မိနစ်မှာ တိုက်စစ်မှူး ဆန်းချက်က ဖရီးကစ်ကနေ တိုက်ရိုက်သွင်းယူပါတယ်။
မစ်ဒယ်ဘရော့အသင်းဟာ တန်းမဆင်းရရေးအတွက် ကြိုးစားရုန်းကန်သွားလို့ အာဆင်နယ်အသင်း ခက်ခက်ခဲခဲ ယှဉ်ပြိုင်သွားရပါတယ်။
အိမ်ရှင်အသင်းအတွက် ချေပဂိုးကို မိနစ် ၅၀ မှာ နီဂရီဒိုက သွင်းယူပါတယ်။
ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူ ကစားနိုင်တဲ့ အာဆင်နယ်အတွက် အနိုင်ဂိုးကို မိနစ် ၇၀ မှာ ကွင်းလယ်ကစားသမား အိုဇေးက သွင်းယူပါတယ်။
ဒီပွဲမှာ တိုက်စစ်မှူး ဆန်းချက် ခြေစွမ်းပြနိုင်လို့ အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခြင်း ခံရပါတယ်။
ဒီပွဲနိုင်တဲ့ အာဆင်နယ်က ၅၇ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၆ မှာ ရှိနေပြီး မစ်ဒယ်ဘရော့ကတော့ ၂၄ မှတ်နဲ့ တန်းဆင်းဇုန်ထဲက အဆင့် ၁၉ မှာ ရပ်တည်နေပါတယ်။
4 years Ago