တိုက်စစ်မှူး ဂါရတ်ဘေးလ်ကို ရီးရဲလ် သက်တမ်းတိုး စာချုပ်ချုပ်

A d v e r t i s e m e n t With Us

November 1, 2016

တိုက်စစ်မှူး ဂါရတ်ဘေးလ်ကို ရီးရဲလ် သက်တမ်းတိုး စာချုပ်ချုပ်

ရီးရဲလ်မက်ဒရစ် တောင်ပံတိုက်စစ်မှူး ဂါရတ်ဘေးလ်ဟာ ၂၀၂၂ ခုနှစ်အထိ အသင်းမှာရှိစေမယ့် သက်တမ်းတိုးစာချုပ် ချုပ်လိုက်ပါတယ်။ ဝေးလ်လက်ရွေးစင် ကစားသမား ဘေးလ်အနေနဲ့ တနှစ်လုပ်ခ ပေါင် ၁၈ သန်းအထိ တိုးမြှင့်ရရှိမှာဖြစ်ပြီး တပတ်လုပ်ခအဖြစ် ပေါင် ၃ သိန်း ၄ သောင်း ၆ ထောင် ရရှိမှာဖြစ်ပါတယ်။ လက်ရှိ အသက် ၂၇ နှစ်ရှိနေပြီဖြစ်တဲ့ ဂါရတ်ဘေးလ်အနေနဲ့ သူ့အသက် ၃၃ နှစ်အထိ ရီးရဲလ်မက်ဒရစ်အသင်းမှာ ဆက်ကစားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဂါရတ်ဘေးလ်ဟာ ၂၀၁၃ ခုနှစ်က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၈၅ သန်းနဲ့ စပါးအသင်းကနေ ရီးယဲလ်အသင်းဆီ ပြောင်းရွှေ့သွားတာဖြစ်ပြီး လက်ရှိအချိန်အထိ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ပွဲပေါင်း ၁၃၅ ပွဲမှာ ၄၈ ကြိမ် ဂိုးဖန်တီးပြီး ၆၂ ဂိုး သွင်းယူထားပါတယ်။
4 years Ago
Up