တိုက်စစ်မှူး ဂရစ်ဇ်မန်း ခြေစွမ်းပြပြီး တီကိုက လေဗာကူဆင်ကို ၄ ဂိုး ၂ ဂိုးဖြင့်နိုင်

February 22, 2017

တိုက်စစ်မှူး ဂရစ်ဇ်မန်း ခြေစွမ်းပြပြီး တီကိုက လေဗာကူဆင်ကို ၄ ဂိုး ၂ ဂိုးဖြင့်နိုင် (ရုပ်သံဟိုက်လိုက်)

ဖေဖော်ဝါရီ ၂၁ ရက်ညက ယှဉ်ပြိုင်တဲ့ ချန်ပီယံလိဂ် ရှုံးထွက် ပထမအကျော့ပွဲစဉ်မှာ အက်သလက်တီကို မက်ဒရစ်အသင်းက လေဗာကူဆင်ကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ တီကိုအသင်းက အဝေးကွင်းမှာ ကစားရပေမယ့်လည်း ခြေအသာနဲ့ ထိန်းချုပ်ကစားပြီး အနိုင်ရသွားတာပါ။ ပထမပိုင်းမှာတင် တီကိုက နီဂတ်စ်နဲ့ ဂရစ်ဇ်မန်းတို့ သွင်းဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ အိမ်ရှင် လေဗာကူဆင်အတွက် ချေပဂိုးကို ၄၈ မိနစ်မှာ သွင်းယူပါတယ်။ ဒီပွဲမှာ လေဗာကူဆင်က ဘောလုံးပိုင်ဆိုင်မှု သာပေမယ့်လည်း တီကိုက တန်ပြန်တိုက်စစ်တွေကို အသုံးပြုသွားပါတယ်။ တတိယဂိုးကို လေဗာကူဆင်နောက်တန်းရဲ့ ဖျက်ထုတ်မှုကြောင့် ပင်နယ်တီကနေ ဂါမီရီယိုက သွင်းယူပါတယ်။ လေဗာကူဆင်အတွက် ဒုတိယချေပဂိုးကို ၆၇ မိနစ်မှာ တီကိုက ဆာဗစ် ကိုယ့်ဂိုးကိုယ် သွင်းမိရာကနေ ရသွားတာပါ။ ဒီပွဲမှာ တိုက်စစ်မှူး ဂရစ်ဇ်မန်း ခြေစွမ်းပြ ကစားနိုင်လို့ အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခြင်း ခံရပါတယ်။ ၈၆ မိနစ်မှာ တီကိုအတွက် အပိတ်ဂိုးကို တိုက်စစ်မှူး တောရက်စ်က ခေါင်းတိုက်သွင်းယူပြီး အနိုင်ရသွားပါတယ်။ ဒုတိယအကျော့ ရှုံးထွက်ပွဲစဉ်ကိုတော့ လာမယ့် မတ်လ ၁၆ ရက်နေ့ တီကိုအိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
4 years Ago
Up