တိုက်စစ်မှူးနေမာ

March 9, 2018

တိုက်စစ်မှူးနေမာ ခြေချောင်းရိုးကျိုးဒဏ်ရာ ခွဲစိတ်မှု အောင်မြင်

  ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး နေမာဟာ သူ့ရဲ့ ခြေချောင်းရိုးကျိုးဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူခဲ့ပြီး ခွဲစိတ်မှု အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ နေမာအနေနဲ့ အခုဒဏ်ရာကို ပြီးခဲ့တဲ့လက ကစားခဲ့တဲ့ မာဆေးနဲ့ပွဲမှာ ရခဲ့တာဖြစ်ပြီး ၆ ပတ်လောက် အနားယူရမယ်လို့ ဆိုပါတယ်။ မတ်လ ၆ ရက်ညက ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ကိုလည်း တီဗွီကနေတဆင့် ကြည့်ရှုခဲ့ပြီး ရှုံးနိမ့်မှုအတွက် ဝမ်းနည်းမိတယ်လို့ နေမာက သူ့ရဲ့ အင်စတာဂရမ် စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့လို့ ရီးရဲလ်မက်ဒရစ်နဲ့ပွဲစဉ်မှာ အသင်းသားတွေကို အကူအညီ မပေးနိုင်ခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်မိပြီး ကစားသမားအားလုံးရဲ့ ကြိုးစား အားထုတ်မှုတွေအတွက်တော့ ဂုဏ်ယူတယ်လို့ နေမာက ဆိုပါတယ်။ ဘရာဇီးမှာ ခွဲစိတ်ကုသခဲ့တဲ့ နေမာကို ဘရာဇီးရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်နဲ့ ရုပ်သံတင်ဆက်သူတွေက လာရောက်အားပေးခဲ့ကြတယ်လို့ သိရပါတယ်။
3 years Ago

January 28, 2018

တိုက်စစ်မှူးနေမာ အသင်းတွင်ဆက်ရှိရန် ၂၀၀၀ ရာခိုင်နှုန်း သေချာဟု ပီအက်စ်ဂျီပြော

ပီအက်စ်ဂျီတိုက်စစ်မှူး နေမာဟာ အသင်းမှာ နောက်ရာသီဆက်ရှိနေဖို့ ၂၀၀၀ ရာခိုင်နှုန်း သေချာတယ်လို့ ကလပ်အသင်း ဥက္ကဋ္ဌ နေဆာအယ်ကဲလ်လီဖီက ပြောကြားလိုက်ပါတယ်။ ဒီလို ပြောကြားလိုက်တာဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပြောင်းရွှေ့ကြေးမြောက်မြားစွာနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေတာကို ပယ်ချလိုက်သလို ဖြစ်သွားခဲ့ပြီး ရီးရဲတိုက်စစ်မှူး ရော်နယ်ဒိုဟာလည်း အသင်းမှာ ဆက်လက်ရှိနေမယ်လို့ မကြာသေးတဲ့ အချိန်က ပြောကြားလိုက်တာကြောင့် အပြောင်းအရွှေ့တွေ ပျက်သွားဖို့ရှိနေခဲ့ပါတယ်။ နေဆာက “နေမာ သတင်းတွေနဲ့ ပတ်သတ်လို့ ပြုံးမိပါတယ်။ ကျနော်တို့ နေမာကို ရရှိထားပါတယ်။ သူဟာ ပျော်ရွှင်စွာ ဂိုးသွင်းနေပါတယ်။ သူ့ကို ၅ နှစ်စာချုပ်ချုပ်ထားပါတယ်။ အခု ၄ လပဲ ရှိပါသေးတယ်။ သူထွက်ဖို့ မလိုလားဘူးဆိုတာ သိနေပါတယ်” လို့ ပြောပါတယ်။ သူအသင်းမှာ ဆက်ရှိနေဖို့ ၁၀၀ ရာခိုင်နှုန်းသေချာတာထက် ၂၀၀၀ ရာခိုင်နှုန်းသေချာပါတယ်လို့ ပြောကြားလိုက်တာပါ။ ဒါ့အပြင် ပီအက်စ်ဂျီအသင်းအတွက် ဂိုးတွေ သွင်းယူနေခဲ့တဲ့ ကာဗာနီဟာလည်း အသင်းရဲ့ ဂိုးအများဆုံးသွင်းယူတဲ့ ကစားသမားဖြစ်လာခဲ့ပြီး သွင်းဂိုး ၁၅၆ ဂိုးထိ ရှိလာခဲ့ပါတယ်။
3 years Ago
Up