တိုက်စစ်မှူးတဦးဝယ်ရန် လိုအပ်ဟု ဟားလ်စီးတီးနည်းပြ ပြော

A d v e r t i s e m e n t With Us

November 29, 2016

တိုက်စစ်မှူးတဦးဝယ်ရန် လိုအပ်ဟု ဟားလ်စီးတီးနည်းပြ ပြော

ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ တိုက်စစ်မှူးတဦးဝယ်ဖို့ လိုတယ်လို့ ဟားလ်စီးတီးနည်းပြ မိုက်ဖီလန်က ပြောကြားလိုက်ပါတယ်။ ဟားလ်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သွင်းဂိုးအနည်းဆုံးအသင်းဖြစ်ပြီး ပွဲစဉ် ၁၃ အပြီးမှာ စုစုပေါင်းသွင်းဂိုး ၁၁ ဂိုးသာ ရရှိထားတာပါ။ ဟားလ်စီးတီးအသင်းဟာ ရမှတ် ၁၁ မှတ်နဲ့ ပရီးမီးယားလိဂ် အဆင့် ၁၈ မှာ ရောက်ရှိနေပြီး တန်းမဆင်းရဖို့ဆိုရင် ဂိုးတွေပိုသွင်းနိုင်တဲ့ တိုက်စစ်မှူးတဦး လိုတယ်လို့ အသင်းနည်းပြ မိုက်ဖီလန်က ပြောပါတယ်။ ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှူးတဦး လိုချင်ပေမယ့် လက်ရှိအခြေအနေမှာ ဒီလို တိုက်စစ်မှူးတဦး ဝယ်ယူဖို့က ပြောင်းရွှေ့ကြေး အများကြီးပေးရတာကြောင့် အခက်အခဲ ဖြစ်ရတယ်လို့ မိုက်ဖီလန်က ဆိုပါတယ်။ လိုချင်တဲ့ တိုက်စစ်မှူးတဦး မရခဲ့ရင်လည်း ရှိတဲ့ တိုက်စစ်ကစားသမားတွေနဲ့ ဂိုးတွေ ပိုရလာအောင် ပြင်ဆင်သွားရမှာ ဖြစ်တယ်လို့ ဟားလ်စီးတီးနည်းပြ မိုက်ဖီလန်က ပြောဆိုခဲ့ပါတယ်။
4 years Ago
Up