တိုက်စစ်မှူးဇာဟာ

April 20, 2019

အမြင့်ဆုံး ရည်မှန်းရမည့်အချိန် ရောက်နေပြီဟာ တိုက်စစ်မှူးဇာဟု ပြော

အမြင့်ဆုံးကို ရည်မှန်းရမယ့်အချိန် ရောက်နေပြီလို့ ခရစ္စတယ်ပဲလ်လေ့စ်အသင်းရဲ့ တိုက်စစ်မှူးဇာဟာက ပြောကြားလိုက်ပါတယ်။ ဇာဟာဟာ ပဲလေ့စ်အသင်းကနေ ထွက်ခွာချင်နေပြီး ချန်ပီယံလိဂ်နဲ့ တခြားဆုဖလားတွေ ကိုင်မြှောက်လိုနေတယ်လို့ သိရပါတယ်။ သူ့ကို ပရီးမီးယားလိဂ် ထိပ်ဆုံး ၆ သင်းမှာ မရှိတဲ့ အကောင်းဆုံး ကစားသမားတဦးအဖြစ် သတ်မှတ်ထားကြပေမယ့် ခရစ္စတယ်ပဲလ်လေစ်အသင်းမှာပဲ သစ္စာရှိရှိနဲ့ ကစားနေသူလည်း ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းတဦးလည်း ဖြစ်တဲ့ ဇာဟာကို အသင်းဟောင်း ယူနိုက်တက်အပြင် ချဲလ်ဆီး၊ အာဆင်နယ်နဲ့ စပါးတို့လိုအသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ဖူးပါတယ်။ လက်ရှိမှာတော့ အင်တာမီလန်၊ ဒေါ့မွန်တို့လို အသင်းတွေကို ပြောင်းရွှေ့ဖို့ ရာခိုင်နှုန်းများနေပြီး ပဲလေစ့်အသင်းက လက်ရှိပေးချေနေတဲ့ တပတ်လုပ် ခ ပေါင် ၁ သိန်း ၃ သောင်းထက် ပိုပြီး ပေးချေနိုင်တဲ့အသင်းက ခေါ်ယူသွားနိုင်ဖွယ် ရှိနေပါတယ်။
2 years Ago
Up