တိုက်စစ်မှူးဆန်းချက် အကောင်းဆုံးပုံစံဖြင့် ပြန်လာမည်ဟု အာစင်ဝင်းဂါး ပြော

September 8, 2017

တိုက်စစ်မှူးဆန်းချက် အကောင်းဆုံးပုံစံဖြင့် ပြန်လာမည်ဟု အာစင်ဝင်းဂါး ပြော

တိုက်စစ်မှူး ဆန်းချက်အနေနဲ့ မကြာခင်အချိန်အတွင်းမှာ အကောင်းဆုံးပုံစံနဲ့ ပြန်လာလိမ့်မယ်လို့ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ပြောပါတယ်။ ချီလီတိုက်စစ်မှူး ဆန်းချက်ဟာ အခုအချိန်မှာ ကြံ့ခိုင်မှု ပြည့်ဝနေပြီဖြစ်လို့ အကောင်းဆုံး ခြေစွမ်းမျိုးနဲ့ ခပ်မြန်မြန် ကစားနိုင်ဖို့ မျှော်လင့်တယ်လို့လည်း နည်းပြက ဆိုပါတယ်။ အသက် ၂၈ နှစ်အရွယ် ဆန်းချက်ဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာ မန်စီးတီးအသင်းကို ပြောင်းတော့မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့သူလည်း ဖြစ်ပါတယ်။ ဆန်းချက်ဟာ လီဗာပူးကို ၄ ဂိုးပြတ်နဲ့ ရှုံးတဲ့ပွဲမှာ ပါဝင်ကစားခဲ့ပေမယ့် ပုံမှန်ခြေစွမ်းမျိုး မရရှိခဲ့ပါဘူး။ အာဆင်နယ်အသင်းဟာ လာမယ့် သြဂုတ် ၉ ရက်နေ့မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘုန်းမောက်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
4 years Ago
Up